အပိုင်း(၅၄)ရွှေချထားသော ကြေးဗုဒ္ဓရုပ်ပွါးတော်၏ လျှို့ဝှက်ချက်-၂

34 3 1
                                    

#၅၄) ရွှေချထားသောကြေးဗုဒ္ဓရုပ်ပွါးတော်၏
လျှို့ဝှက်ချက်-၂
#54)Secret of the Gilt Bronze Buddha-2
....................................................................
Translated to mm by AKM(MyinGyan)
....................................................................

ခင်ဗျာ..

ဟေးဂျင်သည် ဆုဂျောင်းကို ဖျတ်ကနဲကြည့်
လိုက်သည်။ ဘာလုပ်ရမှန်းမသိ၍ သူ..ထိုသို့
ကြည့်လိုက်ခြင်းဖြစ်၍...ဆုဂျောင်းသည်လည်း
သူ့လိုပင်..ဘာအကြံမှ မပေးနိုင်ပါချေ..

ထိုစဉ် အွန်ချေးသည် နောက်ထပ်စကားဆက်
လိုက်ပြန်သည်။
အရင်တစ်ခါတုံးက ကျမ..ရှင့်ကို အတော်ကို
အထင်ကြီးမိလိုက်တယ်ရှင့်..အဲဒိကတည်းက
ရှင့်ကို အိမ်အလည်ဖိတ်ချင်နေတာ..
ဒါပေမယ့်..ရှင်က အလုပ်များနေတယ်ထင်လို့
မဖိတ်ဖြစ်တာရှင့်..အလည်မဖိတ်ဖြစ်ခဲ့
လို့လည်း အတော်စိတ်မကောင်းဖြစ်ရသေးတယ်..
ဒါပေမယ့်..အခုတော့..ကျမတို့ ထပ်ဆုံပြန်ပြီ..
အဲဒါ..ကောင်းသောဆုံခြင်းပဲ ဖြစ်လိမ့်မယ်ရှင့်..

ဟေးဂျင်သည် ယခုအထူးပွဲပြီးလျှင် ဘာမှလုပ်စရာ
မရှိပါချေ။ တေအန်းသို့လည်းနောက်ရက်အနည်း
ငယ်ကြာမှ သွားမလို့လုပ်ထားပြီး အဲရက်မတိုင်ခင်
အထိ အနားယူဖို့ စိတ်ကူးထား၍ အလည်မလိုက်ရန်
အကြောင်းပြချက် မရှိပါချေ။

ကျနော်တို့အတွက် ခင်ဗျားဒုက္ခများနေပါ့မယ်..

အို..ဘယ့်နဲ့..ဒုက္ခများရမှာလဲ..ခဏနော်..အိမ်ဖော်
အဒေါ်ကြီးကို စားစရာတစ်ခုခု ပြင်ထားဖို့ ဖုန်ဆက်
လိုက်ဦးမယ်..ဒါနဲ့..ရှင်တို့..ဘာများ သုံးဆောင်
ချင်လဲ..ရှင့်..

ပုံမှန်ဆိုလျှင်တော့..ဤသို့သော အခြေအနေမျိုးမှာ
ထိုအမေးက ဘယ်သူ့ကိုမဆိုကို စိတ်ကသိ
ကအောက့်ဖြစ်စေလိမ့်မည်သာ..ဒါပေမယ့်..
ဟေးဂျင်သည် အွန်ချေးမျက်လုံးထဲ၌ နွေးထွေးမှုကို
မြင်လိုက်ရတာကြောင့် ပြန်ဖြေလိုက်မိသည်။

အသားဟင်း စားချင်တာဗျ..

အဲဒါဆို..အမဲသားစတိတ် ကောင်းကောင်း ပြင်ခိုင်း
ထားလိုက်မယ်လေ..
သူမသည် ဒီနေ့အရေးကြီး ဧည့်သည်တွေ လာမှာမို့လို့
အမဲသားစတိတ်နှင့် အခြားစားစရာများ ပြင်ထား
ရန် တစ်စုံတစ်ယောက်အား ဖုန်းဖြင့် လှမ်းမှာနေ
သည်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now