"ဦးဟန်သစ်...."

သူအနားကပ်ကာ ခေါ်လိုက်တာနဲ့ တစ်ဖက်လူက တုန်ခနဲ။ လှည့်ကြည့်လာတဲ့မျက်ဝန်းထဲတွင် အံ့ဩမှုမှတစ်ဆင့် ထိတ်လန့်မှု၊ ထိုမှတစ်ဆင့် မနှစ်ခြိုက်မှုဆီပြောင်းသွားသောအခါ ကြည်နေသောAlexစိတ်က နောက်ကျိသွားလေသည်။

ဘာသဘောလဲ။ သူ့ကိုတွေ့လိုက်ရလို့ ဒီလိုဖြစ်သွားတာတဲ့လား....။

"မင်းဒီမှာဘာလာလုပ်တာလဲ"

"သူငယ်ချင်းတွေနဲ့ ဂိမ်းလာဆော့တာ"

"ဪ ဒါဆိုသွားပြန်ဆော့လေ"

ဒီအဖြေကြားရင် မျက်မှောင်ကြုတ်ပြီး စာလုပ်လို့ပြီးပြီလားမေးတတ်သည့်လူက ခံစားချက်မရှိသည့်မျက်နှာဖြင့် သူ့ကိုတစ်ဖက်လှည့်နှင်ထုတ်နေသည်။

သူ့ကိုတွေရလို့ပျော်သွားပုံမရဘဲ စိတ်အနှောင့်အယှက်ပင်ဖြစ်နေသေးသည်။

ဟန်သစ်သည်လည်း မကြုံစဖူး ထိတ်လန့်နေရသည်။ Mikeက အနားမှာပြန်မရောက်သေးပေမယ့် အနီးအနားတဝိုက်မှာသာရှိနေသည်။ ကိုယ်ဖောက်ပြန်ခဲ့တဲ့လူကလည်း ကိုယ့်ရဲ့ရှေ့တည့်တည့်မှာ။

ဟန်သစ် စိတ်အေးအေးမထားရဲတာကလည်း Alexရဲ့တဇွတ်ထိုးစိတ်ကို သိနေတာမို့ပင်။

ဒီကလေးက နည်းနည်းအစွဲကြီးတာ ခုတလောသူသတိထားမိလာသည်။ သူ့အား ထူးခြားစွာနာခံတတ်လာတာကိုလည်း သိသည်။

အကယ်၍ Mikeကိုသာမြင်လိုက်လျှင် ဒီကလေးတုံ့ပြန်ချက်က ဆိုးဆိုးရွားရွားထဖြစ်လေမလား.....၊ ဒါမှမဟုတ် သူ့ကိုအခက်တွေ့စေမှာလား မသိနိုင်ပေ။

တစ်ဖက်လူ၏မျက်နှာထားကို တစ်ချက်မှအလွတ်မပေးဘဲ Alex၏နှုတ်ခမ်းက တဖြည်းဖြည်းနဲ့ မျဥ်းတန်းလိုဖြောင့်တန်းသွားခဲ့သည်။

သေချာပါတယ်။
ဦးဟန်သစ်တို့က ကိုယ့်လင်နဲ့ကိုယ် Shoppingထွက်ပြီး သူ့ကိုတွေ့လို့ စိတ်ရှုပ်နေတယ်ဆိုတာ။

ရှပ်နဲ့pantsကိုသာ သေသပ်စွာဝတ်၍ မျက်မှန်တပ်လေ့ရှိသူက ယနေ့မှာ ငယ်ရွယ်သည့်အငွေ့အသက်ကိုရသော ဖက်ရှင် ပြောင်းဝတ်ထား၏။ အမြဲလှန်သိမ်းထားသော ဆံပင်များသည်လည်း ကပိုကယိုဝဲဖြာကျနေပြန်သည်။

Student(Completed)Where stories live. Discover now