Extra

954 85 21
                                    


လာမကြိုပါနဲ့လို့ မှာထားသည့်ကြားက
ကျောင်း​ရှေ့ထိ လာကြိုသည့် အိမ်ကကား ကို ​
မမြင်သည့်အလား ​ကျော်ထွက်လာခဲ့လိုက်သည်။

အချိန်တန်အိမ်​ရောက်ရင် ပြီး​ရောမလား။

လွယ်အိတ်ကို တစ်ဖက်တည်းလွယ်ကာ ​
သေ​သေသပ်သပ်စည်းထားသည့်နက်ကတိုင်ကို လက်တစ်ဖက်နဲ့ ဆွဲလိုက်​တော့ ​​လျော့တိ​လျော့ရဲ
ဖြစ်သွားပုံက လူအများအမြင်မှာ ဂျစ်ကန်ကန်လူဆိုး​လေး လို့ထင်သွား​စေသည်။

ထင်သွားလည်း ဂရုမစိုက်​ပေ။သူ သည်လည်း
အဲလိုဖြစ်​အောင် တမင်​နေ​နေတာပဲ​လေ။ ​အ
ရင်က​ဆေးလိပ်မ​သောက်တတ်​ပေမဲ့
ခံစားချက်​လေး​ကောင်းလာလို ​ကောင်းလားငြား ​သောက်ကြည့်ရင်း စွဲသွားတာ အခုဆို ​
ဆေးလိပ်မ​သောက်ရဘဲ ဂယူဗင်း မ​နေနိုင်​တော့​ချေ။

စိတ်အ​ပြောင်းလဲဖြစ်သွား​အောင်၊ ​အေးစက်​နေတဲ့
သူ့နှလုံး​သား​လေး​နွေး​သွား​အောင်၊ ​ပျော်တာဖြစ်ဖြစ် ၀မ်းနည်းတာဖြစ်ဖြစ် ခံစားလို့ရ​အောင် သူ့ကို
စွမ်း​ဆောင်နိုင်သည့် အရာ​တွေက ခပ်ရှားရှား။

အရင်တိုင်းသာဆို ဘတ်စ်ကားမှတ်တိုင်ကို
သွားမည် ဖြစ်​သော်လည်း ဒီနေ့​တော့ လမ်း​လျှောက်ချင်စိတ်​လေး ​ပေါ်လာသည်နဲ့တစ်ပြိုင်နက်တည်း
လူရှင်းသည့် လမ်းကျဥ်း​လေးထဲကိုသာ ချိုး၀င်သွားလိုက်သည်။

အမှန်ဆို အိမ်​နောက်​ဖေးလမ်းသာသာ​လေးပါပဲ။​ဆေးလိပ်ခိုး​သောက်သည့် ​ပေ​တေ​တေလူငယ်​တွေအကြိုက်။ဂယူဗင်းက​တော့ ဒီလို​နေရာ​တွေကို
မကြိုက်ပါ။သူကမှ ​ဆေးလိပ်ခိုးမ​သောက်ဘဲ ​သောက်ချင်စိတ်​ပေါ်လာရင် ဘယ်​နေရာမ​ရွေး​သောက်တာပဲ​လေ။

သာမန်ဆို ​နောက်​ဖေးလမ်းကျဥ်းကျဥ်း​လေး​တွေ
က အမှိုက်ပုံး​တွေနဲ့ ဓါတ်တိုင်မှဖြာကျလာသည့်
မီးအ​ရောင်​တွေပဲ ရှိသည်။
ဒီ​နေ့​တော့ ထူးခြားစွာ အမှိုက်ပုံး​ဘေးမှာ ​
ကြောင် ​လေးတစ်​ကောင်ကိုလည်း မြင်လိုက်​သေးသည်။

​ညောင်~

သွား​နေသည့် ​ခြေလှမ်း​တွေကို ရပ်လိုက်ပြီး
မရည်ရွယ်ထားဘဲ အချိန်အကြာကြီးရပ်ကြည့်သွားမိသည် ထင်သည်။

I think I hate! Where stories live. Discover now