အပိုင်း{2}

Start from the beginning
                                    

မင်းကိုမောင်မောင် ရေလောင်းနေရာမှ ရေချိုးနေသည့် တစ်ယောက်ကို ကြည့်မိတော့ မနက်က သွားကြိုခဲ့သည့် ကောင်လေး ဖြစ်နေသည်။ထိုကောင်လေးသည်လည်း သူ့ကို
ကြည့်နေသည်နှင့် တူသည်။

"နေရထိုင်ရအ​ဆင်ပြေရဲ့လား "

"ဟုတ်ပြေပါတယ်..စောစောကတောင်အိပ်ပျော်သွားသေးတယ်"

"အအေးပတ်နေအုန်းမယ် ရေမြန်မြန်ချိုး.."

"ဟုတ်..ဟုတ်ကဲ့"

အစမရှိအဆုံးမရှိဖြင့် ပြောကာအိမ်ထဲ ပြန်ဝင်သွားသည့် အကို့ကိုကြည့်ကာ စဝ်ခွန်းချစ်တစ်ယောက်ရေပဲ ဆက်ချိုးရတော့မလို အိမ်ထဲပဲဝင်ရတော့မလိုဖြင့် ကြောင်အသွားလေသည်။

ရေချိုးပြီး၍ အိမ်အပေါ်ထက်သို့ပြန်တက်လာခဲ့သည်။ထို့နောက်အင်္ကျီအပြာနုရောင်နှင့် ပုဆိုးအနက်ကွက်စိပ်ကို ဝတ်ဆင်လိုက်သည်။ဆံပင်များကို ရေခြောက်အောင်သုပ်ကာဘီးဖြင့် သေချာဖြီးလိုက်သည်။ထို့နောက် အိမ်အောက်ထက်သို့ ပြန်ဆင်းလာခဲ့ပြီး သူကြီးထိုင်နေသည့် အိမ်ရှေ့ရှိခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည်။

"မောင်ရင် လာတုန်းကဘာစားခဲ့သလဲ ဗိုက်ဆာနေပြီလား"

"မဆာသေးပါဘူး လာတုန်းကစာခဲ့ပါတယ်"

"အေးကွယ်"

"သူကြီး ကျွန်တော့်ကိုစာသင်ကျောင်းရှိတဲ့ နေရာလိုက်ပြပေးပါလားဗျ"

"ဟေ။အင်းအင်း ဒါပေမဲ့ ဒီနေ့ကြမှသူကြီးက မအားဘူးဖြစ်နေတယ်ကွယ်..မင်းကိုတော့ ရှိတယ် အဘ သူ့ကိုလပြောကြည့်လိုက်ပါ့မယ်ကွယ်"

"အာ..ဟုတ်ကဲ့"

သူတို့ပြောနေစဥ် အကိုသည်ဝိုင်းထဲသို့ ဝင်လာလေသည်။ထို့နောက်လသူ့ဘေးနားသို့ ဝင်ထိုင်လေသည်။

"အတော်ပဲ မင်းကို။အခုပဲမင်းကိုလာပြောတော့မလို့"

"ဘာကိစ္စများလည်း သူကြီး"

"ကိစ္စကတော့ ဒီကမောင်ရင်ကစာသင်ကျောင်းကို ကြည့်ချင်လို့တဲ့ အဲ့တာ သူကြီးနဲ့အိမ်မှာရှိတဲ့ မောင်တိုးနဲ့ လင်းထိန်ကလည်းမအားဘူးဖြစ်နေတာကွယ် အဲ့တာကြောင့်မင်းကို အကူအညီတောင်မလို့"

မောင့် ခွန်းငယ် Where stories live. Discover now