^ Strict » ယန်းကျွင်ရဲ့ game ID ပါ ^

TZG က assault (ဂိမ်းထဲမှာ တိုက်စစ် တာဝန်ယူသူ) တစ်ဦးရဲ့ Weibo ပို့စ်ဆီကပဲ။ ပြီးတော့ အကြောင်းအရာက "လေ့ကျင့်ရေး ပြီးတော့ လူစု" ။ သူက ဓာတ်ပုံညာဘက်ထောင့်ကို မတော်တဆ ရိုက်မိသွားတယ်။ ပုံထဲမှာ ယောက်ျားလေးတစ်ယောက်က ဂိမ်းထိုင်ခုံပေါ် ပျင်းရိရိ မှီထားပြီး ဘေးမျက်နှာကျက အရမ်း ထူးကဲသာလွန်နေလေရဲ့။

Comment ထဲက တစ်စုံတစ်ယောက်က သူ ဘယ်သူလဲ မေးလာတယ်။

တိုက်စစ်သမားက ပြန်ဖြေလာတယ် :: "ငါ့ကောက လူငယ်သင်တန်းသား မဟုတ်ဘူး။ ဒါကြောင့် ရမ်းသန်းမခန့်မှန်းကြပါနဲ့။"

TZG က တရုတ်မှာ နံပါတ်တစ် e sports အသင်းလို့တောင် ပြောနိုင်တယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်က PUBG ဖွံ့ဖြိုးလာပြီး တအား နာမည်ကြီးလာခဲ့တယ်။ ဒီဂိမ်းကစားတဲ့ ကောင်လေးအားလုံးနီးပါး သူတို့ကို follow ထားကြတယ်။

"တကယ်..." လင်းခန်းက အကြည့်လွှဲပြီး ခေါင်းတခါခါနဲ့ ကျစ်စုတ်မိတယ် :: "ယန်းကျွင် တကယ် တော်လွန်းလို့ TZG က သူတွေတောင် သူ့ကို 'ကော' လို့ ခေါ်ရတဲ့အထိပဲ။"

"ဟုတ်ပ၊ ငါလည်း သူ့လို ဖြစ်ချင်တယ်ကွာ။ အဲ့လိုသာဆို ငါ ဘာကိစ္စ စာဆက်လေ့လာနေတော့မှာလဲ? သူ e sports နယ်ပယ်ထဲမှာ ပိုက်ဆံရှာနိုင်တာ ကြာလှရှိနေပြီ။ သူ ကောင်းကောင်း မကစားနိုင်ရင်တောင် သူ့မျက်နှာနဲ့တင် ကောင်မလေးဖန်တွေဆီက ပိုက်ဆံတွေ ရနေအုံးမှာပဲ။"

ထိုသူငယ်ချင်းက တစ်ခုခု တွေးမိသွားပုံရကာ လော့ချင်ရှန်းလက်မောင်းကို လှမ်းတိုက်လာတယ် :: "ဟေး မင်းနဲ့ယန်းကျွင် ဂိမ်းတူတူ ကစားဖူးကြတယ်မလား? မိုက်တယ်ဟုတ်?"

လော့ချင်ရှန်းတစ်ယောက် ရှင်းပြမရနိုင်စွာ ပြန်ဖြေဖို့ တုံ့ဆိုင်းနေခဲ့တယ်။

သူ ထိုဓာတ်ပုံကို ခဏကြာ စိုက်ကြည့်နေပြီးမှ တစ်ငုံသောက်လိုက်ကာ ပြုံးပြလာတယ် :: "ဂိမ်းထဲ တော်နေမိုက်နေတော့ရော ဘာသုံးလို့ရမှာလဲ?"

"ညီအစ်ကိုရေ၊ အခု 0202 ထဲမှာနော်။ မင်း အခုထိ ဒီလိုပြောနေသေးတာလား? ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ တစ်နှစ်ဝင်ငွေ၊ ချန်ပီယံဆုတစ်ဆုအတွက် ဆုကြေးတွေ၊ ကြော်ငြာခတစ်ခုကနေ  ဘယ်လောက် ရနိုင်တယ်ဆိုတာ မင်း သိလား?"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now