သူကတော့ ကျွင်းရှောင်သာ ဖြစ်သည် ချန်ယီ နိုင်ငံခြားထွက်သွားတော့ ကျွင်းရှောင်နဲ့ တစ်နှစ်လောက်အဆက်အသွယ်မရပါ နောက် အွန်လိုင်းပေါ်ကနေ စာပို့ပြီး ရင်းနှီးလာခဲ့ကျတာဖြစ်သည်

အခုဆိုရင်တော့ တွဲနေကျတာ တစ်နှစ်ကျော်နေပါပြီ ။

  အကိုကျန့်ကို အနိုင်ကျင့်တဲ့သူ ဆိုပြီး ချန်ယီဟာ ကျွင်းရှောင်ကို အဖက်လုပ်ဖို့ မတွေးဖူးပါ သို့သော် လိုအပ်ချိန်တိုင်း သူ့အနား အမြဲရောက်လာတတ်တဲ့ ကျွင်းရှောင်ဘက် စိတ်ယိုင်လာခဲ့သည် အွန်လိုင်းပေါ်က စာတွေပို့ကျရင်း တစ်ဖြေးဖြေး သံယောဇဉ် တွေ ဖြစ်လာခဲ့ကျသည်။

_________________

"သခင်ကြီး..CEO Wang  Companyကို ပြန်ရောက်နေပြီတဲ့ ...

"ဘာ !!!!

"ဟုတ်ပါတယ် သခင်ကြီး ဒီမှာပါ...

စိတ်တိုနေဟန် သခင်ကြီးကို အနီးကပ် အတွင်းရေးမှူးဟာ လက်တော့ တစ်ခုကို ထိုးပြလိုက်သည်

ထိုလက်တော့ ဖန်သားပြင်မှာတော့ မနက်ပိုင်း သတင်း မျက်နှာဖုံးမှာ ထိပ်ဆုံးက တည်ရှိနေတဲ့ Wang Company CEO အကြောင်းသာ ဖြစ်သည် ။

" လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ထဲက ပျောက်နေတဲ့ CEO Wang. .Wang Companyဟာ နှစ်ပေါင်းများစွာ တည်ရှိရပ်တည်နေတဲ့ တစ်ခုထဲသော လုပ်ငန်းခွင်ကြီး တစ်ခု ဖြစ်ပါတယ် ဆက်ခံသူတွေ အဆက်ဆက်ရှိခဲ့ကျပြီး Wang Companyကြီးကလဲ တစ်ဆင့်ဆင့် ပိုမိုတိုးတက်နေခဲ့ပါတယ် ....

  Wang Company အနက် CEO Wang ဆိုကာ တတိယ မျိုးဆက် ဆက်ခံသူ ပေါ်ပေါက်လာခဲ့ပြီးနောက် ကျွန်မတို့အားလုံး မြင်ဖူး သိချင်နေခဲ့တဲ့ CEOဟာ ဘယ်တုန်းကမှ ကင်မရာ ရှေ့မှာမရောက်လာခဲ့သည့်အပြင် Wang Company ကြီးရှေ့မှာလဲ မပေါ်လာခဲ့ပဲ နောက်ကွယ်ကသာ ရပ်တည်နေသည်ဟု သိရပါတယ်...ထူးဆန်းစွာ ချက်ချင်းပဲ Companyကြီးရဲ့ CEOဖြစ်တဲ့ Wangဟာ ဒီမနက်မှာပဲ လူတွေ အားလုံးရှေ့ ပေါ်ပေါက်လာခဲ့ပါတယ် ။

[ပျောက်ကွယ် လုနီးနီး ဖြစ်နေတဲ့ Wang Company CEO ပြန်လည် လူမြင်ကွင်းမှာ ပေါ်ပေါက်လာ]

"သခင်ကြီး... ကျိုး ခြူး လျီ တို့ကို ရှဲယာတွေ ခွဲပေးခဲ့တယ်တဲ့ ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now