အပိုင်း(၅၃)ရွှေရည်စိမ် ကြေးဗုဒ္ဓရုပ်ပွါးတော်၏လျှို့ဝှက်ချက်-၁

Start from the beginning
                                    

ဟ..သူတို့က ဘာကြောင့် ဒုက္ခရောက်ရမှာလဲကွ..
မင်း..ပြတိုက် မရပ်တည်နိုင်ရင် ရှေးဟောင်းပစ္စည်း
အားလုံးကို သူတို့ ထိန်းသိမ်းထားလို့ ရမှာပဲကို..

အာ..ဦးလေးကလည်း..လုပ်ငန်းသဘောက အဲသလို
မဟုတ်ဖူးဗျ..ရှေးဟောင်းပစ္စည်းတွေကို
တစ်ယောက် တစ်ဝက်စီ ခွဲယူဖို ကျနော်နဲ့ ယူဆောင်
ဥက္ကဌ တို့ လက်မှတ်ထိုး စာချုပ် ချုပ်ထားကြတာဗျ..
အဲဒါကြောင့်..တကယ်လို့ သူတို့က ရှေးဟောင်း
ပစ္စည်းတွေ အားလုံး ယူသွားရင်လည်း..သူတို့
မပိုင်တဲ့ပစ္စည်းတွေကို ထိန်းသိမ်းရလို့ ငွေကုန်ကြေး
ကျ ဖြစ်ကုန်မှာပေါ့..ဦးလေးရ..

ဪ..ဟုတ်လား..ဒါဆို..သူတို့ဝေစု ရှေးဟောင်း
ပစ္စည်းတွေကို ပြတိုက်တစ်ခုကို ပို့လိုက်ရင်တောင် ယူဆောင့်ပစ္စည်းက..ယူဆောင့် ပစ္စည်းပဲပေါ့..
အဲဒါဆို..သူတို့က အသာစီး အတော်ရနေတာပဲကို
ဒါပေမယ့်ကွာ..သူတို့က မင်း..ဝေစုကို ယူသွားမယ်
ဆိုရင်..လူထုကို သူတို့ပြတိုက်ဆီ နည်းနည်းပိုပြီး
ဆွဲခေါ် လို့ရပေမယ့်..စနစ်တကျ နည်းမှန်လမ်းမှန်
ထိန်းသိမ်းထားရမှာက ပြဿနာဆိုတော့ သူတို့
အဲသလို လုပ်စရာ ဘာအကြောင်းမှ မရှိဘူးပေါ့..

အင်း..ဟုတ်တယ်..ဟုတ်တယ်.ကဲပါ.ဦးလေး.
ကျနော် အိမ်အရင်ပြန်ဦးမယ်..ရေချိုးဖို့ လိုနေပြီဗျ

ဟေးဂျင်သည် ထပြန်တော့မလို့ လုပ်လိုက်တော့
ဗြောင်ဂွတ်က သူ့လက်ကို ဖမ်းဆွဲ၍ တံခါးကိုပိတ်
လိုက်ကာ သူ့အနား အမြန်ကပ်လာပြီး .

ငါ့ကိုပြစမ်းပါဟ..မင်း..ယူလာတာဘာလဲကွ..

ဟေးဂျင်ကပြုံးပြီး အိတ်ထဲကနေ ပန်းချီကားထည့်သည့်ဗူးကို ဆွဲထုတ်လိုက်သည်။

ဟဲဟဲ..ဦးလေး..သိပ်လန့်မသွားနဲ့ဦး..

ဘာမို့လို့လဲဟ..ပြစမ်းပါ..

ဆုဂျောင်းက ရှေ့ကိုကုန်းပြီး ကြည့်လိုက်သည်။

ဦးလေးတို့ နှစ်ယောက်စလုံး အခု ဒီမှာမြင်ရတဲ့ဟာ
တွေကို လျှို့ဝှက်ထားရမယ်နော်..ဟုတ်ပြီလား...

အေးပါဟ..

ဟေးဂျင်သည် ဘူးထဲက ပန်းချီကားများကို တစ်ခုပြီး မှ တစ်ခု ဂရုတစိုက်နှင့် ထုတ်ယူလိုက်သည်။
ပန်းချီကား လေးချပ်နှင့် စာအုပ်တစ်အုပ်ပင်။

ရှေးဟောင်းပစ္စည်းမှော်သခင်(ဘာသာပြန်)Where stories live. Discover now