အပိုင်း(၂၅) uin & zg

Start from the beginning
                                    

"ဒီနေ့ ပင်ပန်းလာတာကို မနက်ဖြန်မှသွားလေ "

" ဒီနေ့သွားချင်တာ ဟိုကောင်တွေကလဲ
မနက်ဖြန်မအားဘူးလေ ၊ မင်းပင်ပန်းရင်နေခဲ့မလား "

"ပင်ပန်းတာထက် ငါကအဲလိုနေရာတွေ မကြိုက် တာ မင်းသိပါတယ် ဒါမဲ့ခုတော့လိုက်ခဲ့လိုက်ပါ
မယ် တစ်ယောက်ထဲစိတ်မချလို့ "

"တကယ်နော် ဟိန်း ငါကမင်းကိုလိုက်စေချင်တာ မင်းစိတ်ညစ်မှာစိုးလို့ ဇွတ်မခေါ်တာ ခုလိုက်မယ် ဆိုတော့ ငါပျော်တယ် ၊ အဲဒါမဲ့ ဟိုရောက်ရင် တော့ ကြာကြာနေမှာနော် တန်းပြန်ချင်လို့တော့မရဘူး "

"အေးပါ ငါစောင့်ပေးပါမယ် ၊ ဘယ်ချိန်သွားမှာလဲ ခုတောင် ၆ ခွဲပြီ "

"၇ ခွဲလောက်ထွက်ကြမယ်လေ "

"....."

                ....... 🌸🌸🌸.........

မီးရောင်စုံ လင်းနေသော club ထဲတွင် သံစုံတီးဝိုင်းသံများနှင့် ဆူလို့နေသည်။စိုင်းခက်နှင့် အဖွဲ့သည် အခန်း၏ ထောင့်ကျသောနေရာတွင် ထိုင်နေကြသည်။ စိုင်းခက်က ပြာလွင်သော စပို့ရှုပ်နှင့် ဂျင်းပွအမဲဝတ် ထားကာ ဟိန်းကတော့ အနက်ရောင် တီရှုပ် ဂျင်းအမဲနှင့်သာ။ ပိုင်သစ် တို့လည်း ယနေ့မှ စိုင်းခက်နှင့်အတူတူနားရသည်မို့အဝသောက်ပြီးကဲဖို့ဆုံးဖြတ်သည်။ သူတို့တစ်ဖွဲ့လုံးပင်ပန်းနေကြပြီမဟုတ် လား။

" မင်းတို့ကို ပြောစရာရှိတယ်"

ဝေယံ ကသောက်လက်စ ဘီယာခွက်လေးချကာ
ချောင်းဟန့်ပြီးပြောသည်။

" ငါ နဲ့ ပိုင်လေး တွဲလိုက်ကြပြီ"

" ဟမ် ဟုတ်လား"

ရုတ်တရက်မို့ စိုင်းခက်လည်းအံ့ဩသွားသည်
ဒီနှစ်ကောင်အခြေနေ ဒီလောက်မြန်မယ်ထင်မထားခဲ့။ခန့်မှူးလွင်ကတော့ ဒီလိုပဲဖြစ်မယ်ဆိုတာ သိသားပဲ ဆိုသည့်ပုံစံဖြင့်ဟာ အံ့ဩဟန်မပြ ။ ဘီယာသာဆက် မော့နေသည် ။ လေပြေသွေးကတော့ ပြုံးစိပြုံးစိဖြင့် ပိုင်သစ်ကို လှမ်းစသည်။

" အကို ပိုင်သစ်က နဂိုကတော့ ငါကအဖြောင့်ပါဆို ခုတော့လဲ ကွေးရတာပါပဲ ဟီးဟီး "

"ဒီကလေးကတော့"

ပိုင်သစ်က ရှက်ရှက်ဖြင့် ခေါင်းလေးကုတ်ကာ ဝေယံကို မျက်စောင်းပစ်လိုက်သေးသည် ။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now