အပိုင်း(၂၄) uni & zg

Comenzar desde el principio
                                    

" ခက် ကိုယ့်ဆီဖုန်းဆက်တယ် "

အပျော်လွန်ကာ အားတက်သရောပြောလိုက်
သည် ။ အသံကတော့ သောက်ထားသဖြင့်
အနဲငယ်လုံးထွေးနေသည်။

" အကို သောက်နေတာလား "

စိုင်းခက်က ထိုက်အသံကြောင့် သူသိချင်တာကိုသာအရင်မေးလိုက်သည်။

"အင်း နဲနဲပါ"

ဒီအသံလေး အရမ်းကိုလွမ်းနေခဲ့ရတဲ့
အသံလေးမို့လား ။

"ဟုတ်ကဲ့ ကျွန်တော်ပြောစရာရှိလို့ဖုန်းဆက်
လိုက်တာ"

ထိုက်လေသံကိုထိန်း၍ တည်ငြိမ်အောင်လုပ်ကာပြောရသည် ပြောစရာရှိလို့ဆိုရင်ကို သူကြောက် နေပြီ ဒီတစ်ခါ လုံးဝမပတ်တော့နဲ့များပြောရင် သူရူးရပါလိမ့်မည် ၂ပတ်ကိုတောင်သူဘယ်လိုခံစားရလဲအသိဆုံးလေ ။

"အင်း ခက် ဘာများလဲ "

" မနက်ဖြန် ကျွန်တော်နဲ့ခန့်မှူးစီစဉ်ထားတဲ့
Construction company လေးဖွင့်ပြီလေ အဲတာ အကို့ကို ဖွင့်ပွဲလာခဲ့ဖို့ဖိတ်တာပါ လာရမှာနော်အကို "

" အာ လာရမှာပေါ့ ပထမဆုံးလှမ်းတဲ့ခြေလှမ်းကို ကိုယ်က support ပေးရမယ်လေ ၊ ဒါမဲ့ ဟိန်းထက် ကရော အဆင်ပြေပမလား "

"ဘာမှမဖြစ်ဘူး အကို ကျွန်တော်နားလည်အောင်
ရှင်းပြထားပြီးပါပြီ မနက်ဖြန် မိတ်ဆက်ပေးမယ် နော် အချိန်က ၉ နာရီလောက်စမှာ "

" အင်းပါ ခက် အဆင်ပြေရင်ပြီးတာပါပဲ
ကိုယ်လာခဲ့ပါမယ် "

"ဟုတ်ကဲ့ အကို ဒါဆိုကျွန်တော် ဖုန်းချပြီနော်
good night ပါဗျ "

"You too bye "

ဖုန်းချသွားတာနဲ့ သက်ပြင်းသံကပါ တစ်ပြိုင်နက်ကပ်ပါလာသည်။ လွမ်းရသူ အသံလေးကြားရုံသာ မက မနက်ဖြန်ပါတွေ့ရမှာ ပျော်ပေမဲ့ နာကျင်မှုကလဲ တွဲရက်ပေါ့ ။ ကိုယ်ချစ်နေရတဲ့ လူက အခြားတစ် ယောက်လက်ကို ကိုင်ပြီး ကျွန်တော့်ချစ်သူပါလို့ မိတ်ဆက်ပေးမဲ့ အရာကို ခံနိုင်ရေရှိပမလား ကိုယ်စဉ်းစားနေမိတယ် ခက်ရယ်

အခြားတစ်ဖက် မင်းပျော်ရွှင်နေရတဲ့ အတွက်
မင်းကြောင့် ကျတဲ့ ကိုယ့်မျက်ရည်တွေ အလဟသ မဖြစ်ခဲ့ပါဘူး ။....

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Donde viven las historias. Descúbrelo ahora