1.1K 53 0
                                    

အိမ်ကြီးတစ်အိမ်ထဲမှာ ကျိန်စာတစ်ခုနဲ့အတူ ပိတ်မိနေတဲ့ ကောင်လေးဟာ နှစ်ပေါင်းများစွာ အထီးကျန်ဆန်နေခဲ့ရပေမဲ့
မာနကြီးပြီး ဆိုးသွမ်းလွန်းတဲ့ ကောင်လေးတစ်ယောက်အတွက်ကတော့ ကံကောင်းခြင်း တစ်ခုအဖြစ် မှတ်ယူခံလိုက်ရတယ်။
ဒါကို “Four Leaf Clover”လို့လည်း နာမည်ပေးခဲ့ပါတယ်။

(၁)


လူသူနေအိမ်များပြားပြီး တိုးတက်ဖွံ့ဖြိုးမှု သိပ်မရှိသေးသော သည်ရွာလေးသည် “သုံးပင်ရွာ”ဟု ကျော်ကြားသည်။
အုန်းပင်၊ ထန်းပင်နဲ့ ဓနိပင် အများဆုံးပေါက်ရောက်သော ဒေသဖြစ်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀)လောက်တည်းက သမုတ်ထားသော နာမည်လေးဖြစ်သည်။

ရွာလမ်းသည် ကွန်ကရစ်ဖြင့် ကောင်းမွန်ပြီး ကားနှစ်စီးစာ အကျယ်အဝန်းရှိသည်။
လမ်းရဲ့ တစ်ဖက်တစ်ချပ်စီတွင် လူနေအိမ်များစွာရှိပြီး ခြံရှေ့တိုင်းတွင် ပန်းပင်နှင့် အသီးပင်များစွာ စိုက်ပျိုးထားတတ်သည်။
ကိုင်းပင်တစ်ချို့လည်း တွေ့ရသည်။
အုတ်ဖြင့်ဆောက်လုပ်သော တိုက်အိမ်ရှားပါးသည်။
အများစုမှာ ရှေးယခင်က သစ်သားအိမ်များသာဖြစ်သည်။
ရွာဓလေ့အတိုင်း ခြေတံရှည်အိမ်များဖြစ်၍ အိမ်အောက်တွင် လူအသုံးအဆောင် စားပွဲများ၊ ခုံများရှိသည်။

ဘိုးဘွားပိုင်များဖြစ်၍ တမူထူးပြီး မပြင်ဆင်ခြင်းဖြစ်လိမ့်မည်။
တစ်ချို့အိမ်များသည် ခြံစည်းရိုးများ အထူးတလည် သေချာစွာ ခပ်ထားခြင်း မရှိ။ ဝါးကပ်ဖြင့်သာ ကာသည်။
အိမ်ကြီး၊ တိုက်ခံကောင်းကောင်းဆောက်ထားသော အိမ်များပင်လျှင် သံဇကာဖြင့်သာ ပတ်ပတ်လည် ခြံရံထားတတ်သည်။
အုတ်ဖြင့် ကာထားသော ခြံစည်းရိုးဆိုလျှင် ရွာလည်တွင် တွေ့ခဲ့သော ဘုန်းတော်ကြီးကျောင်းသာ ရှိသည်ထင်၏။

ကိုးရတုစံသည် ကားကို ခပ်ဖြည်းဖြည်းမောင်း၍ ညာဘက်အခြမ်း၌ ရှိသော အိမ်တို့ကို ရှာဖွေနေသယောင်ကြည့်ရှုသည်။
တစ်ဖန် ဘဘ ပို့ပေးထားသော ပုံလေးကို ဖုန်းမှတစ်ဆင့် တစ်ချက်တစ်ချက် တိုက်ကြည့်ရသေးသည်။

I Found A Four Leaf CloverDove le storie prendono vita. Scoprilo ora