အပိုင်း(၂၃) uni & zg

Magsimula sa umpisa
                                    

"ငါ... ငါက စနေတာ မင်းကလဲ "

ရှက်ကို့ရှက်ကန်းပြောနေသော ဟိန်းကို စိုင်းခက် ပိုစချင်လာသည်။ သူကအရင် လာပြီးစတာ
မဟုတ်လား ။....

"အင်းဒါဆိုလဲနောက်ရက်မှပဲ ခုကဗိုက်တင်းနေတော့လှုပ်ရှားဖို့အချိန်ကောင်းမဟုတ်ဘူးမို့လား ..."

"ဟာ တော်... တော်ပီကွာ စိုင်းခက် စကားအကောင်းပဲပြောကြမယ်"

စတုန်းကစပီး ခုမှအကြောက်အကန်ငြင်းနေတဲ့ ဟိန်းအားကြည့်ပီး အူယားလာသဖြင့် ခေါင်းအားတစ်ချက်ပုပ်ကာ ။....

"ကဲဟုတ်ပါပီ မစတာတော့ဘူး ဒါဆိုမင်းအဖေနဲ့ကရောဘယ်လိုဖြစ်တာလဲ "

စိုင်းခက်လဲ ဆက်မစတော့ပဲ လိုရင်းကိုသာမေးလိုက်တော့သည် မဟုတ်လျှင် ဟိန်းက
စိတ်ကောက်မှာစိုးရသည်လေ ။....

ဟိန်း သူ့အဖေနဲ့ပတ်သတ်သမျှဖြစ်ကြောင်းကုန်
စင်ရှင်းပြလိုက်သည်။စိုင်းခက်အစကတည်းကတော့ ဟိန်းအဖေအကြောင်းအနဲအကျဉ်းတော့သိပ့ါတယ် သို့ပေမဲ့ ဒီလောက်ထိတော့ ဆိုးလိမ့်မယ်မထင်ထားဘူးလေ ။ ဟိန်းတစ်ယောက်ထဲပင် ပန်းခဲ့မှာပဲတွေးကာ စိတ်မကောင်းဖြစ်ရသည်။ ဟိန်းလက်ကလေးကို စုပ်ကိုင်၍ ...

" မင်းဘေးနားမှာ ငါမရှိပေးနိုင်ခဲ့လို့တောင်းပန်ပါ
တယ်နော်ဟိန်း ခုချိန်ကစပီး မင်းအနားမှာငါအမြဲရှိနေပေးမယ်"

"ငါ့ဘေးကနေ မင်းကို နှင်ထုတ်ခဲ့မိတာပါငါပါ
ငါကသာတောင်းပန်ရမှာ မင်းကိုနောက်တစ်ကြိမ်
မထားခဲ့ဘူးလို့ ကတိပြုတယ် မင်းကိုလက်လွတ် ပေးခဲ့မိတဲ့ ငါကရူးနေလို့ပဲ ခုငါ့အချစ်တွေနဲ့ မင်းကိုပြည့်စုံအောင်ဖန်းတီးမယ် ငါတို့နှစ်ယောက် type မတူလဲ နှစ်ယောက်အတူကြိုးစားပီးညှိယူကြမယ်လေနော် "

ဟိန်း စိုင်းခက်ကို ကြည့်ပီးပြောရင်း မျက်ရည် တွေဝဲလာရပြန်သည်။ သူကထားပစ်ခဲ့ဖူးသူမို့
စိုင်းခက်မယုံမှာလဲစိုးရိမ်ပါသည်။ သူတို့ type မတူလို့ လမ်းခွဲခဲ့တာမှန်ပေမဲ့ ဟိန်း စိုင်းခက်ကို တကယ်ချစ်ခဲ့သည် လေ ... ဒါကြောင့်လဲ ခုသူ့အဖေကိုတောင်ဆန့်ကျင် ပီး စိုင်းခက်ဆီထွက်လာခဲ့တာ ဖြစ်လို့ type မတူဘူးဆိုတဲ့ အနေအထားတွေကို ရအောင်ကြိုးစားပီးကျော်ဖြတ်
မယ်လို့ ယုံကြည်ထားသည်။ တကယ်ဖြစ်ကြရင် တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်မှူတွေများနေရင်တောင်မဝေးဘူးမို့လား။မျက်ရည်တွေဝဲလာသော ဟိန်းမျက်နှာပြင်ကို စိုင်းခက်က ခပ်ဖွဖွပွတ်ကာ ....

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Tahanan ng mga kuwento. Tumuklas ngayon