"ဘာလို့ လာတာလဲ"

Saintအခုချိန်ထိ ဒီကိုဘာလို့လာမှန်းမသိသေး။ ရိုးရိုး ညစာစားဖို့လား၊ တစ်ခုခုရှိလို့လား။

"လာပါ သိရမှာပေါ့"

Perth Saintလက်ကို ဆွဲပြီး အထဲထိဝင်သွားတော့ အထဲမှာတွေ့လိုက်ရတာက Perthအဖေနဲ့ အမျိုးသမီးတစ်ယောက်။ ထိုအမျိုးသမီးက Perthနဲ့ဆင်သည်။ မဟုတ်မှ လွဲရော

"သားရောက်ပြီ ပါပါးနဲ့မာမား"

Saint ထင်တဲ့အတိုင်းပဲ။ Saint လူတွေနဲ့တွေ့တာနဲ့ လက်အုပ်လေးချီကာ နှုတ်ဆက်လိုက်သည်။ Perthအဖေနဲ့က ရင်းနှီးပေမယ့် အမေဖြစ်သူနဲ့ကတော့ ဒါပထမဦးဆုံးအကြိမ်တွေ့တာ။

"မင်္ဂလာပါဗျ"

"ထိုင်ကြလေ"

"ဘာလို့ ကြိုမပြောတာလဲ... ကိုယ့်ပုံစံကိုလည်း ကြည့်ဦး"

"ဘာလို့လဲ ချောပြီးသားကို"

Saintက အဝတ်အစားကို ဂရုစိုက်သည်။ အဝတ်အစားဆိုတာ ကိုယ်သွားမယ့်နေရာကလူကို ရိုသေလေးစားသမှု ပြတဲ့ ပြယုဂ်ပဲ။ သူငယ်ချင်းအချင်းလည်ပတ်ဖို့က ပေါ့ပေါ့ပါးပါး ဝတ်လို့ရပေမယ့် လူကြီးသူမတွေနဲ့တွေ့ဖို့၊ စီးပွား​​ရေးတွဲလုပ်​နေတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဖို့ကတော့ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့မှမရတာ။ သူငယ်ချင်းနဲ့ အလည်အပတ်တောင် ဘယ်သူက အိမ်နေရင်း အစုတ်နဲ့သွားလို့လဲ။ ဒါကြောင့် တစ်ဖက်လူနဲ့ တွေ့ရမယ့်အကြောင်းလေးနက်လေ အဝတ်အစားကို လေးလေးနက်နက်စီစဉ်ရလေပဲ။

အခုလည်း Saintဝတ်ထားတဲ့ T-shirtနဲ့ ဘောင်းဘီရှည်က ပေါ့ပါးနေပေမယ့် ပေါ့ပျက်နေတာတော့မဟုတ်။ Perthမိဘတွေဆိုတဲ့ လေးနက်တဲ့ အကြောင်းအရာကသာ သူ့ကို အတွေးများစေတာ။ Perthတောင် ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီကို ကြယ်သီး ရင်ဘက်အထိဖြုတ်ပြီး ဂျင်းဘောင်းဘီနဲ့ ဝတ်ထားသေးတာပဲ။

ထိုင်ခုံမှာ Saint ရိုရိုကျိုးကျိုးလေး ထိုင်လိုက်သည်။ Perth ဒီကို ဘာလို့ခေါ်လာလည်းမသိ။ Saintက ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုပေမယ့်လည်း အခုလိုကျ အနေရခက်နေသေးသည်။ ဒါက သူတို့ရဲ့ မိသားစု ညစာစားပွဲလား။ Saintက အပိုလူတစ်​ယောက်လိုဖြစ်နေမလား။

I Found YouWhere stories live. Discover now