" ကျန်းဟာအို?"

"ဟင် ဘယ်ကသာ ဟာအိုက ဘယ်လိုလုပ်
ဒီလိုဒရမ်မာအ​သေး​လေး​တွေကို ရိုက်မှာလဲ"

ကျန်းဟာအိုသည် နာမည်ကြီးအဆို​တော်ဖြစ်ကာ ယခုလက်ရှိ သရုပ်​ဆောင်နယ်ပယ်ကိုပါ
လွှမ်းမိုးထားနိုင်သည့် အနုပညာရှင်​တွေထဲက
တစ်​ယောက် ဖြစ်သည်။

"ဟီးဟီး ဟုတ်သား​နော် ဒါဆိုဘယ်သူမို့လို့လဲ"

"ဂယူဗင်း​လေ"

"ဒါဆို ကျွန်​တော် မရိုက်​တော့ဘူး"

"ဟင် ဘာဖြစ်ပြန်တာတုန်း"

မန်​နေဂျာအစ်မသည် အလန့်တကြား​မေးလာသည်။
ရစ်ခီသည် အဲဒီကောင်နဲ့ ဘယ်​တော့မှမ​တွေ့ချင်​။

" ရှန်ရှန် မမ​ ပြောပြမယ် ဒီကားက လူငယ်အကြိုက်အ​သေးစားပ​ရောဂျက်​လေး ဂယူဗင်း လို
နာမည်ကြီးနဲ့ တွဲရိုက်ရတာ ​ကောင်းတာ​​လေ အခေါက်၁၀၀မှာ ၁​ခေါက်​တောင်မရတဲ့
အခွင့်​ရေး​နော် ကံ​ကောင်းရင် ဇာတ်ကားနဲ့အတူ
ရှန်ရှန်ပါနာမည်ကြီးသွားမှာ"

ရစ်ခီ သည်တက်သစ်စ​​မော်ဒယ်​လေးဖြစ်ကာ
ရုပ်ရှင်​လောကထဲ ​ ခြေဆန့်နိုင်ရန်
ကြိုးပမ်း​နေသည့် လက်သစ်​လေးဖြစ်သည်။
ဟိုကားရိုက်မယ် ဒီကားရိုက်မယ်ဆိုပြီး
ငြင်းနိုင်သည့် အ​ခြေ​နေ သူ့ဆီမှာမရှိ။
အဲ​ကောင်အစား ရစ်ခီ​ လေးစား သ​ဘောကျရတဲ့
စီနီယာ ကျန်းဟာအိုသာ ဖြစ်လိုက် ပါ​တော့လား။

"ဘာပဲဖြစ်ဖြစ်ကျွန်​တော်မှ သူနဲ့တွဲမရိုက်ချင်တာ"

"ဟိုက ​​ခေါင်း​ဆောင်မင်းသမီးနဲ့ပဲ တွဲရိုက်ရမှာ​လေ
ရှန်ရှန် နဲ့ဆုံလည်း အလွန်ဆုံး ​၄၊၅ ခန်း​ပေါ့
သည်းခံလိုက် သည်းခံလိုက်"

ဘာ​ ၄၊၅ခန်းလည်း ရစ်ခီက ​ခေါင်း​ဆောင်မင်းသမီး၏အမြွှာ​မောင်​လေး​နေရာက
သရုပ်​ဆောင်ရမည်ဖြစ်ကာ ​ခေါင်း​ဆောင်မင်းသားနဲ့ အစ်မ မတည့်သည်ကိုသိ၍ အစ်မထက်ပင်
ပိုမုန်း​နေသူ။ အဓိကဇာတ်​​ကောင်နှစ်​ယောက်
ကြိုက်သွားရင်​တောင် ​ဘေးက
မီးသီးအပို​လေးလုပ််ကာ မရမက ၀င်ဖျက်ရမည့် မင်းသမီးပြီးလျှင် မင်းသားနဲ့ ​တွေ့ရအများဆုံး
ဇာတ်​ကောင်​နေရာက ၀င်သရုပ်​ဆောင်ရမှာဖြစ်သည်။

I think I hate! Onde histórias criam vida. Descubra agora