အပိုင်း(၂၁) uni & zg

Start from the beginning
                                    

နှစ်ယောက်လုံး အသက်ရှုသံပုံမှန်အနေထား
ရောက်မှပဲ

" ဟိန်း မင်းအေးနေပြီ"

စိုင်းခက်က ဟိန်း၏ မေးစေ့လေးမှာ ကိုင်မ၍စတင် ပြောသည်။ဟိန်းမှာ ယခုထိ စကား
ပြန်ဆိုနိုင်ခြင်းမရှိသေး။

" လာ ဟိန်း ရေချိုးလိုက် ငါ အဲကွန်းပိတ်ထား
မယ် ရေနွေးချိန်ပေးမယ်"

" အင်း စိုင်းခက်"

စိုင်းခက်က ပြောပြောဆိုဆိုနဲ့ အဲကွန်းကို ပိတ်လိုက်ပြီး ဟိန်းကို ရေချိုးခန်းထဲဆွဲခေါ် ကာ ရေနွေးချိန်ပေးလိုက်သည်။

" နွေးနေအောင် ခနရေစိမ်နော်"

" မင်းကရောစိုင်းခက် မင်းလည်း အေးနေပြီလေ"

" ငါကရတယ် guest room မှာသွားချိုးလိုက်
မယ်"

" အင်း အင်း မင်းလည်း နွေးနေအောင်ချိုးနော်"

" အေးပါ ဟိန်းရာ"

ချစ်ဖို့ကောင်းနေသော ဟိန်းရဲ့ရေစိုနေတဲ့ ဆံနွယ် တို့ကို စိုင်းခက်က ညင်သာစွာပုတ်လိုက်သည်။ပီးမှရေချိုးဖို့အတွက် guest room သို့ထွက်ခဲ့လိုက် သည်။

            ***🌸🌸🌸🌸****

ဟိန်း ရေချိုးပီးတာနဲ့ စိုင်းခက်ထုတ်ပေးခဲ့သော လက်ရှည်နဲ့ဘောင်းဘီရှည်ညဝတ်လေးကိုလဲလိုက် ပီး ကုတင်ပေါ်တွင်ထိုင်နေလိုက်သည်။
စိုင်းခက် လဲ သူပုံစံတူ ညဝတ်လေးဖြင့်အခန်းထဲပြန်ဝင်လာကာ လက်ထဲမှာတော့ ဆေးဘူးနှင့်ရေဘူးပါကိုင်လျက် ။

"ဟာ ဟိန်း ဆံပင်တွေရေစိုနေတာကို မသုတ်ပဲ ထိုင်နေတယ် ၊ ငါသုတ်ပေးမယ် အဲမှာပဲထိုင်နေတော့။ "

စိုင်းခက်လဲ လက်ထဲက ဆေးဘူးနဲ့ရေဘူးကို စားပွဲပေါ်တွင်တင်ပီး တဘက်ယူတာ ဟိန်းအနားလာလိုက်ကာ မတ်တပ်ရပ်လျက် ခေါင်းအားဖွဖွလေးသုတ် ပေးလိုက်သည်။ ဟိန်းက ကုတင် ပေါ်တွင် ထိုင်လျက်သူ့အား ငုံကာ ခေါင်းသုတ်ပေးနေသော စိုင်းခက် ကို
မော့ကြည့်လိုက်တော့ စိုင်းခက်လည်ပင်းက
အမှတ်အသားတစ်ချို့ကို မြင်လိုက်ရသည်။
မျက်မှောင်ကျုံကာ သေချာစိုက်ကြည့်မိလိုက် တော့ စိုင်းခက်က သတိထားမိဟန်ဖြင့် လက်ထဲမှ တဘက်ကို လွတ်ချ၍ လည်ပင်းအား ပွတ်ပြီး ...

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now