အပိုင်း(၁၈) uni & zg

Start from the beginning
                                    

**🌺🌺🌺**

ဝိုင်းကိုရောက်တော့ အကို့ သူငယ်ချင်းတွေက ဆုံနေပီ ဒီဆိုင်က unplugged တီးဝိုင်းပါ ပါသဖြင့်ပို၍ ပွဲစည်သည်။ ဝိုင်းကလဲ တီးဝိုင်းရှေ့တည့်တည့်ပင်။

"လာငါ့ညီတို့ ဒီမှာဝိုင်းလိုက်ကြ ၊ ဟိတ်ကောင် လေး ဒီဘက်ကို whiskey ထည့်ပေး ရေခဲ၁ပွဲပါချ "

ကိုအောင်သန့်က လောကွတ်ပြုကာ waiter
ကောင်လေးကိုလဲ လိုအပ်တာခိုင်းနေသေးသည်။

"ဟုတ်ကဲ့ အကိုအောင်သန့် ကျေးဇူးပါဗျ "

စိုင်းခက် တို့လဲ ကျန်တဲ့သူများကို ပြုံးပြ၍ နေရာယူလိုက်ကြသည်။ ထိုက်ကတော့ စိုင်းခက်ဘေးကခုံတွင်ဝင်ထိုင်သည်။

"ကောင်လေး ဘာစားအုံးမလဲ ကိုယ် မင်းကြိုက် တာတွေတော့ ရွေးမှာထားတယ် "

"အကုန်ကြိုက်တယ် စားမှာစိတ်ချ "

စစချင်းငြိမ်နေတဲ့ ဝိုင်းလေးက အရက်လေးလဲ နဲနဲဝင်ကြရော အာသွက် ရှာသွက်ဖြစ်လာကာ အကို့ ဘော်ဒါတွေနဲ့ ခန့်မှူးလွင် တော့ ပြောကာဆိုကာဖြင့် အူမြူးလာကြသည်။ ဟိုကောင်ဝေယံကတော့ ပိုင်သစ်နားကပ်ကာ ဇွတ်ဖွန် ကြောင်နေသည်။ ပိုင်သစ်ကတော့ အဖက်ကို မလုပ် သောက်စရာရှိတာသာသောက်နေသည်။ unplugged က ဧည့်သည်တွေဆိုချင်လျှင် ပိုက်ဆံပေး၍ တက်ဆိုလို့ရသဖြင့် တစ်ချို့ဧည့်သည်တွေက တက်ဆိုကြသည်။ထိုစဉ် ထိုက်က စိုင်းခက်ကို ခနဟုပြောကာ တီးဝိုင်းဆီရောက်သွားသည်။ဂီတာကို ကောက်ကိုင်ကာ ကြိုးညှိနေသဖြင့် စိုင်းခက် အံ့ဩသွားသည် အကိုနဲ့သိခဲ့အတော့အတွင်း ဂီတတီးတတ်ကြောင်းနှင့်သီချင်းဆိုတတ် ကြောင်းတစ်ခါမှမပြောဖူးဘူးလေ။ သူအံ့ဩနေတာကို သိတဲ့ ကိုကျော်ဇောက

" စိုင်းခက် အံ့ဩနေတာပဲ ထိုက် အသံအရမ်း
ကောင်းတာ ဒါမဲ့ တစ်ခါတစ်လေမှ သူကဆိုတာလေ"

"ဟုတ်တယ်ဗျ ကျွန်တော်ခုမှသိလို့ "

"ကဲကဲ နားထောင်ကြရအောင် "

မိုးထက်မှပြောသဖြင့် သူတို့အားလုံး ထိုက် ဘက်အကုန်လှည့်လိုက်ကာ ထိုက် ဘာသီချင်းဆိုမလဲ အာရုံစိုက်ထားလိုက် ကြသည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now