"ရွာကို စာလာသင်တဲ့
တစ်ယောက်လား"သူပြောလိုက်တော့ မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ နဲ့ သူ့မျက်လုံးချင်း ဆုံသွားသည်။ခုနက အနည်းငယ် ဝေးနေသောကြောင့်မျက်နှာကို သေချာမမြင်ရပေ။အခုတော့ ထိုမျက်နှာပိုင်ရှင်လေးကအသားဖြူအုအုကလေးနှင့် မျက်လုံးဝိုင်းလေးတွေလည်း ရှိသည်တဲ့လား။
"ဟုတ်ပါတယ်.."
ကလေးတစ်ယောက် အသံပမာပြန်ဖြေလာသည့် ကောင်လေး။မင်းကိုမောင်မောင်လှည်းပေါ်က ဆင်းပြီး ထိုကောင်လေးရဲ့ အထုတ်များကို တင်ပေးလိုက်သည်။
"ကျေးဇူးပါ"
"ရပါတယ်..အဲ့တာဆိုတက်"
"ဟုတ်ကဲ့"
ဖြေတာကိုက "ဟုတ်ကဲ့"တဲ့ ယဥ်ကျေးလိုက်ပုံများ။ဟာ....ငါဘာတွေ တွေးနေမိတာပါလည်း။
အတွေးတို့ကို ရပ်ကာ နွားလှည်းကို ရွာဘက်သို့ပြန်လှည့်ပြီး မောင်းနှင်လိုက်သည်။တစ်လမ်းလုံးတိတ်ဆိတ် ငြိမ်သက်စွာ လိုက်ပါလာသည့် ကောင်လေးကို မင်းကိုမောင်မောင် ဘာမှတော့ မပြောပေ။ကျောင်းဆရာဆိုသည့် အတိုင်းအနေအေးမှန်း သူသိသည်လေ။ဒါပေမဲ့ သူသိချင်တဲ့ အရာတစ်ခုတော့ရှိသည်။ထိုသည်ကား
အဲ့သည်ကောင်လေး နာမည်။"ဟို...ကောင်လေး"
သူခေါ်လိုက်တော့ ဘေးပတ်ဝန်းကျင်ကို လိုက်ငေးနေတဲ့ကောင်လေးသည် ခေါင်းလေးစောင်း၍ ကြည့်လာ၏။
"ဗျာ"
"ဗျာ"တဲ့လား ဒီကောင်လေးရဲ့စကားသံတွေက ဘာလို့ ငါ့ကိုနေမထိထိုင်မသာ ဖြစ်အောင်လာလုပ်နေရတာလည်း။
"မင်းနာမည်လေး..သိလို့ရမလား"
"ဟုတ်ကျွန်တော့်နာမည်က
စဝ်ခွန်းချစ်ပါ""စဝ်ခွန်းချစ်..."
မင်းကိုမောင်မောင် ခပ်တိုးတိုး ရေရွက်လိုက်မိသည်။သူထင်ထားတာက ကျောင်းဆရာဆိုတော့ အသက်ကြီးမယ် ထင်ထားတာ။အခုတော့ သူ့ထက်တောင် ငယ်နေသေးတယ် ထင်သည်။
"မင်း..အသက်က ဘယ်လောက်ရှိပြီလည်း"
"အသက်က..၂၃ပါဗျ"
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။
အပိုင်း{1}
Start from the beginning