အပိုင်း(၁၇) uni & zg

Start from the beginning
                                    

ဒေါ်နန်းပန်ခမ်းက အိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းထဲ
ထိုင်နေသည့် စိုင်းခက်ကိုမြင်တာနဲ့ စိုင်းခက်ဘေးလာထိုင်တော့သည်။

"၁၀နာရီလောက်ကပါမေမေ သားကမေ့မေ့ကို
လွမ်းနေတာ မွ "

မေ့မေ့ရင်ခွင်ထဲ ခေါင်းတိုးလျက် မော့၍ ပါးအားနမ်းလိုက်သေးသည်။ ဦးစိုင်းပန်ကတော့ ဆိုဖာတွင် ခြေထောက်ချိတ်ထိုင်ကာ စိုင်းခက်အား
စိုက်ကြည့်နေသည်။

"အဲလောက်ဆို ရပီ မင်းတို့သားအမိတော်တော့ ၊ ဟိုကောင် ခုမှစစ်ကူခေါ်မနေနဲ့နော်"

စိုင်းခက်မျက်နှာငယ်လေးဖြင့် မေမေ့ရင်ခွင်က ခွါကာဖေဖေ့ဘက် လှည့်ထိုင်လိုက်သည်။

"ခြေမများအောင် ကားသိမ်းထားတော့ သူများကိုလာခေါ်ခိုင်းတယ် မုန့်ဖိုးမပေးတော့ သူများဆီကပဲကပ် သုံးတယ် ကဲဆိုစမ်းပါအုံးမင်းအချိုးတွေ ဘယ်လိုပြင်ဖို့စဉ်းစားထားသလဲ"

"သားတွေးထားပီးသားပါ ဖေဖေရဲ့ ဖေဖေသားအဲလောက် ဆိုးပမလား "

ဦးစိုင်းပန်ကတော့ပြောစမ်းပါဆိုသည့်မျက်နှာထားဖြင့် မေးငေါ့ပြသည်။

"သား နဲ့ ခန့်မှုးလွင်နဲ့ Construction company လေးစပ်တူ ဖွင့်မလားလို့ ခန့်မူးကောင်လေး လေပြေသွေးကလဲ design အတွက်ဝင်လုပ်မှာ"

ထိုအခါမှဖေဖေမျက်နှာထားက အနဲငယ်လျော့သွားကာ စိတ်ဝင်စားသယောင်မျက်ဝန်းတွေ
ဖြစ်သွားတော့သည်။

"အေး ဆိုးတော့မဆိုးပါဘူး ခုခေတ်မှာ
architectural engineering နဲ့ တွဲလုပ်တာက
အလုပ်တော်တော်ဖြစ်လာကြပီ ဘယ်တော့လောက်လုပ်မယ်တွေးထားလဲ "

"ဒီမိုးအကုန်လောက်တော့ စလိုက်မယ်တွေးထား
တယ်ဖေဖေ ဒီကြားထဲတော့ ပြင်ဆင်စရာရှိတာတဲ့ ရုံးခန်းငှါးဖို့နေရာရှာထားမလို့ "

"ငှါးမနေနဲ့တော့လေသားရယ် တစ်ခါထဲဝယ်
လိုက်တော့ အလုပ်မရှုပ်တော့တာပေါ့ "

မေမေက ဝင်ပြောသည်။

"၁နှစ်လောက်တော့ try ကြည့်ချင်သေးလို့ပါ
မေမေ အဲလောက်ကြီးမရင်းချင်သေးလို့"

"ဖေဖေ အဲတာခန့်မှန်းတော့ ငှါးခနဲ့လိုတာဖြည့်တာနဲ့ဆို 300-400 ကြားလောက်တော့သွားလောက်မယ်"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now