ညနေခင်း ညပိုင်းအချိန်တွေမှာ ကော်ဖီဆိုင်လေးမှာ ထိုင်ကျပြီး စာအုပ်ဖတ်တမျိုး ကော်ဖီသောက်ရင်း စကားအေးဆေးပြောကျတမျိုး ပြုလုပ်ကျတာမို့ တိတ်ဆိတ် အေးချမ်းနေတဲ့ ဆိုင်လေးထဲ ရိပေါ်ကြောင့် အကုန်လုံး အ့သြထိပ်လန့်ကုန်သည် ။

ပြီးတော့ အားလုံးက သူတို့ ဝိုင်းဘက်ကို လှည့်ကြည့်လို့ ထူးဆန်းအကြည့်နဲ့ ကြည့်နေကျသည် ရှောင်းကျန့် ကတော့ ရှက်လွန်းလို့ပါပင်..

လူကြီးတစ်ယောက် ဖြစ်နေပေမယ့် ဆယ်ကျော်သက်တစ်ယောက်လို ဘာမှ မတွေးပဲ ပြုမှုတဲ့ ရိပေါ်ကို ရှောင်းကျန့် ထပ်မှန် စိတ်ပျက်မိပြန်သည်။

"ဦးဝမ်ဝမ်...ရပ်လိုက်..

"သူက သူမင်းကို...

"ကျွန်တော် မကြိုက်ဘူး...

ရှောင်းကျန့်ရဲ့ မကြိုက်ဘူး စကားလေး ကြားလိုက်တော့ သူ့လက်ထဲ ရောက်နေတဲ့ ကျိုးချန်ကို လူမှန်းမသိအောင် လုပ်ပြစ်လိုက်ချင်ပေမယ့် ရှောင်းကျန့် ကြောင့်ပဲ ဒုတိယအကြိမ် လွတ်လိုက်သည် ...

"အာ့ ဦး.... ဘယ်ကိုလဲ ..

ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ လက်ကို ဆွဲပြီး ဆိုင်အပြင်ကို ခေါ်ထုတ်သွားသည် နောက်ပြီး ရှောင်းကျန့် ကို ကားထဲ ပြစ်ထည့်လိုက်သည်။

"အာ့ ဦး...ဘယ်လိုဖြစ်လို့ ကြမ်းတမ်း နေရတာလဲ ...

ဘေးက ရှောင်းကျန့်ကို ဘာစကားမှမဆိုပဲ ကားကိုသာ အရှိန်ကုန် တင်မောင်းလိုက်သည်။

သူ့ကို လှောင်သလို အပြုံးနဲ့ လက်ပြနှုတ်ဆက်တဲ့ ကျိုးချန်ကြောင့် အခုချက်ချင်းပဲ သူကျိုးချန်ကို နေဝင်ချိန်ဆီ ပို့ပြစ်ချင်သည် ဒါပေမယ့် သူလုပ်လို့မရဘူး သူ အခုလောလောဆယ် သည်းခံထားရမည်။

"ဦး ဦး ဖြေးဖြေး မောင်းပါအုံး...အရမ်း မြန်တယ်ဦး ကျွန်တော် ကြောက်တယ်...

အရမ်းမြန်လွန်းတဲ့ ကားအရှိန်ကြောင့် ရှောင်းကျန့် ရင်တွေ တလတ်လတ် တုန်နေရသည် ကားလက်ကိုင်ကို ကျစ်နေအောင် ဆုပ်ကိုင်ရင်းပါးစပ်ကလဲ ရိပေါ်ကို ဖြေးဖြေး မောင်းဖို့ ပြောနေသည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]حيث تعيش القصص. اكتشف الآن