ကော်ဖီဖျော်နေရင်း
ရွဲ့ပြီးမေးနေတဲ့ ချစ်ရသူကြောင့်မဟူရာရဲ့မျက်နှာကြီးမှောင်မဲလာတော့တယ်။
''ခြင်ကိုက်တော့အိပ်မရဘူးရယ်..ပြီးတော့ဟိုဟာကိုကြောက်ရသေးတယ်လေ babyရာ။''

''ဘာကိုလဲ''

''သရဲလေကွာ''

''ခင်ဗျားရုပ်ကိုမြင်မှသရဲကလန့်သေနေမှာမြင်ယောင်ပါသေးတယ် ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ဦး မျက်ကွင်းကပန်ဒါနဲ့အမျိုးတော်နေပြီ။အခုချက်ချင်းထ ပြီးရင်
သွား ရေသွားချိုးချေ။''

''အင်းပါ..babyဒါနဲ့လေ ကိုယ့်ကိုစိတ်ဆိုးပြေပြီလားဖြေအုံး။''.

''ပြောမိလို့လား..မရှည်နဲ့ရေသွားချိုးချေ။''

''ကောင်းပြီ''

မဟူရာရေချိုးခန်းထဲဝင်သွားတော့မှ သုတလည်းမနက်စာထမင်းကြော်ပြီးကော်ဖီအမှုန့်ထပ်ကြိတ်နေတော့သည်။

ရေချိုးခန်းထဲမှ မဟူရာကတော့
နောက်တစ်ခါအာမချောင်တော့ရန် ဆုံးဖြတ်ထားလေရဲ့။
သူအခန်းပြင်ရဲ့ဆိုဖာပေါ်တွင်မအိပ်ချင်ပါ။
ကိုယ်လက်တွေကနာပြီးဖက်အိပ်လို့ရမဲ့ချစ်ရသူကမရှိလေတော့ ပါးစပ်စည်းကမ်းရှိအောင်သူ့မှာသင်ခန်းစာအကြီးကြီးကိုရသွားလေတော့သည်။

'ငါဆင်ခြင်ရမယ်'

✴✴✴✴✴✴✴✴✴✴✴✴✴✴

လွန်းဒီနေ့မှာမှ အိပ်ယာကစောပြီးနိုးနေတာမို့ မနက်စာကို ပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့ပူပူလေးကြိုကာပြင်ဆင်ထားလေရဲ့။

ပြီးတာနဲ့ သူလည်းရေဝင်ချိုးကာ ရုံးသွားရမဲ့သူ့လင်လင်နှစ်ယောက်ကို နှိုးရပြန်သည်။

''ကိုစစ်နဲ့ကိုပိုင် ထကြတော့လေ မနက်ခုနှစ်နာရီထိုးပြီနော်..''

လွန်းရဲ့အသံချိုချိုလေးကိုကြားတော့မှ အိပ်ယာရဲ့ဘယ်နဲ့ညာမှာအိပ်နေကြတဲ့နှစ်ယောက်မှာ မျက်လုံးများဖွင့်ကြည့်လာတော့တယ်။

''baby..morning.''(စစ်မဟာ)

''လွန်း..morning''(ပိုင်မှူး)

''အင် morning နှစ်ယောက်စလုံး
ရေးချိုးကြတော့ ဝတ်ဖို့အဝတ်တွေကိုလွန်းထုတ်ပြီးထားခဲ့တယ်နော် ပြီးရင်အောက်ထပ်ဆင်းလာခဲ့ မနက်စာပြင်ပေးထားတယ်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now