ရိပေါ်တွေးနေသည်က...

လူတွေရဲ့ စကားတွေကို ဒီလောက် ဂရုစိုက်ဖို့ လိုလို့လား ကိုယ့်စိတ်ထဲမှာ မှန်ကန်တယ်ထင်ရင် ဘာကိုမှ ဂရုစိုက်စရာမလိုဘူးလေ ဟုတ်တယ်မလား ...

လူတွေက ပါးစပ်ရှိတဲ့အတွက် သူ့တို့ပြောချင်တာ ပြောမှာပဲ သူတို့ ပြောတာကို လိုက်နားထောင်ရင် ဒီကမ္ဘာပေါ်မှာ နေချင်စိတ်တောင် ရှိတော့မှာမဟုတ်ဘူး...

လူတွေစကားကို အရမ်းဂရုစိုက်သလိုရှိတဲ့ ရှောင်းကျန့် ရဲ့ အပြုအမှုကြောင့် ရိပေါ် တွေးမရဖြစ်နေသည်။

ရှောင်းကျန့် ပြောတဲ့ "ကျွန်တော့်ကို နားမလည်ဘူး" အတ္တကြီးတယ်"  ဆိုတဲ့ စကားလုံးတွေက ရိပေါ် အတွေးပုံရိပ်တွေထဲ ပဲ့တင်ထပ်အောင် အခါခါ ပေါ်ထွက်နေသည်။

သူမှားနေတာလဲ သူသိသည် သူကလွယ်လွယ်နားလည်နိုင်စွမ်းလဲ မရှိတော့ ရှောင်းကျန့် ပြောတာတွေက မှန်တယ်လို့တော့ ယူဆသည် ဒါပေမယ့် သူ့လို လူတစ်ယောက်အတွက်တော့ ယခုလက်ရှိအခြေအနေဟာ သူ့အတွက် အတော်လေး တိုးတက်နေတဲ့ အခြေအနေဖြစ်သည်။

တစ်ခြားလူတွေကို ဂရုမစိုက်ပဲလဲနေရတယ် တစ်ခြားလူတွေကိုလဲ မလိုအပ်ဘူး ဘာကိုမှလဲ မယူချင်ဘူး ... သူလိုချင်တာ ရှောင်းကျန့် ကိုပဲ ဘယ်လိုပုံစံမျိုးနဲ့မဆို သူရှောင်းကျန့်ကို လိုအပ်တယ် လိုချင်တယ် ဒီအတွက် သူ ရှောင်းကျန့် ကို နားလည်နိုင်အောင် လိုက်ရောညီထွေ ရှိအောင် ကြိုးစားနေတယ် ရှောင်းကျန့်လဲ သူ့လို လိုအပ်လာအောင် စောင့်ယူမယ်။

______________________________
"ရှောင်းကျန့် တဲ့လား....

"သေချာပါတယ် ..

"သူ့အကြောင်း အကုန်သိချင်တယ်...

"နာမည်က ရှောင်းကျန့် အသက်ကတော့ 25 မိခင်နဲ့အတူနေပါတယ် အသေးစား Companyလေး ဖွင့်ထားတယ် ဧည့်ကြို ဝန်ဆောင်မှု လုပ်ငန်းတစ်ခုပါ ....ကျိုးဘက်နဲ့ အဆက်အသွယ် အနည်းငယ် ရှိတယ်လို့ တွေ့ရပါတယ်....

"အဟင်းး သူက ကိုငယ်နဲ့ပါ သိတာပေါ့လေ... အကောင်လေးသေးပေမယ့် ကပ်ထားတဲ့ လူတွေကတော့ ဒိတ်ဒိတ်ကျဲတွေကိုပါလား ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now