အပိုင်း ၉

Start from the beginning
                                    

"ကျေးဇူးပါ ဒေါက်တာမင် သူကတအားချောတာပဲ နော် ဟီးး! ယွန်း' ကောင်လေးသာဆိုမိုက်မှာပဲ အဟီး

ယွန်း ကတော့ပြောချင်ရာပြောပီး အရှေ့မှ ထွက်သွားသည်။ အနောက်တွင်ကျန်ခဲ့သည့် ဂျီမင်' မှာတော့ ခေါင်းကို အသွင်" ခါရမ်းလိုက်ပီး အတွေးများနှင့် သက်ပြင်းသာချနေမိတယ်။

"ဟူးးး ဘယ်နေရာက ချောတာလဲ ငါတော့မမြင်ပါဘူး။ သေချာကြည့်လေ အူကြောင်" ရုပ်လေးပဲမြင်တယ်။ ယွန်းပုံစံကြည့်ရတာတော့မလွယ်ဘူး။ ဆေးတောင်မ‌တိုးလောက်တော့ဘူးထင်ပါတယ်။ ဟူးးးးး အစစ်မတွေက တကယ်မလွယ်ဘူးပဲ။ ဂျီမင် စိတ်ထဲတွင်ရေရွတ်လိုက်ခြင်းဖြစ်သည်။

ဒီနေ့က လူနာတွေ တစ်အားများနေသည်မို့ Doctors & nurses အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ အချိန်ဆိုတာ သူတို့အဖို့တော့ အပိုမရှိပေ။ အချိန်ကိုလုပီး လူတွေရဲ့အသက်ကို ကယ်တင်ပေးနေရခြင်းကြောင့်ဖြစ်သည်။
တစ်ဖြေး" အချိန်‌တွေကုန်လာကာ ဂျီမင် နာရီကို ကြည့်မိလိုက်‌ေတာ့ အချိန်က ည ၁၂:၀၀ ရှိပီ။ အပြင်မှာက မှောင်နေလေပီ လူနာတွေလဲ အနည်းငယ်ပါးသွားပီမို့ Doctors & nurses တစ်ချို့ တစ်ဝက်လောက်သာ ဆေးရုံအတွင်းကျန်ခဲ့ကြသည်။ ဂျီမင် အပါအဝင်ပေါ့....

"ဒေါက်တာ မင် seeyou tomorrow

"အွန်း ဂရုစိုက်ပြန်ပါ

"အွန်း

ဂျီမင် ကတော့ နိုက်ဂျူတီမို့ ဆေးရုံတွင် ကျန်ခဲ့သည်။ ဖုန်းလေးကို ထုတ်ကိုင်ရင်းကောင်လေးကို တစ်နေကုန်မဆက်သွယ်ပဲ ပစ်ထားမိလို့ ဆက်သွယ်ချင်ပေမဲ့ အခုချိန်ဆို သူလဲ အိပ်နေလောက်ပီမို့ အနှောက်အရှပ်မပေးချင်တော့ပါ။

တစ်ဖက်မှာတော့ Ph အဝင်call လေးကို စောင့်ဆိုင်းရင် အိပ်‌ေပျာ်သွားသည့် ကောင်လေးတစ်‌ ယောက်ရှိနေသည်ကိုတော့ ဂျီမင် မသိခဲ့ရိုးအမှန်ပင်။

ဂျူတီချိန်မို့ လူနာတွေကို လိုက်လံစစ်ဆေးလို့ပီးမှ ဂျီမင် လုပ်လက်စအလုပ်တွေကို ပြန်လုပ်ရင်း နေ့တစ်နေ့ရဲ့ တစ်ညတာက အဖြေး" ကုန်ဆုံးလာခဲ့သည်။

>>>>>

မနက်လင်း ရောင်ခြည်နုနုလေးဟာ ဖြူနုလွန်းသူလေးရဲ့ မျက်နှာနုနုထက်သို့ ဖုံးလွှမ်းလာနေပီဖြစ်သည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now