"သွား ခြူးဖေးကို နှစ်သိမ့်ပေးလိုက်...

"ပါး...

"နောင်တစ်ချိန်မှာ သူက ငါတို့အတွက် ဓ-ားတစ်လက်ဖြစ်လာနိုင်တယ်...

တစ်ဖက်လူမှာ မိခင်သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေရပေမယ့် ကျိုးသခင်ကြီးကတော့ ဒီလို မတွေးလေပါ... သူ့အတွက်အကျိုးရှိလာမယ့် အနာဂါတ်အတွက်ပဲ တွေးသည် ။

ကျိုးချန်လဲ ဖခင်စကားကို ဘာမှမပြောချင်တော့သည်နဲ့ ခြူးဖေးဖေးအနားသွားက နှစ်သိမ့်ပေးဖို့ လုပ်သည် ။

"ဖေးဖေး ...

"ဟင် ကိုငယ် ...ကိုယ်ငယ် မားမား မရှိတော့ဘူး မားမား ဖေးကို ထားခဲ့ပြီ ..

"မငိုပါနဲ့ ဖေးရယ် ... အန်တီမထွက်သွားရင် ဖေးတို့အတူတူပျော်ခဲ့ကျရတယ်မလား အန်တီလဲ ထွက်သွားချင်လို့မှ မဟုတ်ပဲ...

"မဟုတ်ဘူး မားမား မားမားက ထွက်သွားဖို့ လုပ်ခဲ့တာ ...

"ဘယ် ဘယ်လို ဖေး....??

ခြူးဖေးဖေးဟာ သူမ မိခင်ကို တွေ့လိုက်ချိန် မှာ သူမ မိခင်အတွက်လုပ်ပေးထားတဲ့ အောင်စင်ဂျင်ဆေးပိုက်ဟာ ပြုတ်နေခဲ့သည် ဒါကြောင့် သူမ မိခင် ဆုံးပါးခြင်းက အဓိက ဆေးပိုက် ပြုတ်နေလို့ သူမ မိခင် အောင်စင်ဂျင် အားနည်းပြီး သေဆုံးတာလို့ သိရသည် ဒီတော့ ဒီပိုက် ဘယ်လို ပြုတ်လဲ သိရဖို့ သူမမိခင်အခန်းက CCTV ကို ကြည့်ခဲ့ရာ...

ထိုပိုက်ကို သူမမိခင်ကိုယ်တိုင် ဖြုတ်ခဲ့သည်သာ ဒါအပြင် သွင်းထားတဲ့ ဆေးပိုက်ကိုလဲ သူမမိခင်ကိုယ်တိုင်သာ ဖြုတ်လိုက်တာဖြစ်သည် ...ဒါကြောင့် သူမမိခင်ဟာ ကိုယ့်ကို ကိုယ်စီရင် သွားခဲ့သည်ကို သိခဲ့ရတာ ဖြစ်သည်။

"အန်တီက အဲ့လို လုပ်ခဲ့တယ်....??

ကျိုးချန် ကြားရတဲ့ သူ့နားသူပင် နားမလည်..ဘာလို့ဆို သူသိထားတဲ့ သခင်မကြီးဆိုတာဟာ မောက်မာပြီး သတ္တိရှိတဲ့ အမျိုးသမီးတစ်ဦး သူလိုချင်တာမရသ၍ ဇွဲမလျှော့တတ်သည် ဒီလို အမျိုးသမီး တစ်ယောက်က ကိုယ့်ကို စီရင်လိုက်သည်ဆိုတာ မယုံနိုင် စရာပင်။

"ဦး.... ဒါ ဘယ်သူ ဆုံးသွားတာလဲ ...

"ဝင်ရင်သိလိမ့်မယ် ဘေဘီ.. မြင်ဖူးတဲ့ လူပဲ...

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now