၃.သူတို့စတင်ကြပြီ

Start from the beginning
                                    

"အောင်မလေး...ငါတို့ရဲ့သခင်လေးချန်းတုဖန်းယွဲ့ပဲ...မင်းသားသုံးနဲ့
လက်ထက်ပြီးပြီမဟုတ်လား...ကျွန်​တော်တို့ရဲ့ ဂေဟာမှာ
မင်းသားသုံးရဲ့ အငွေ့အသက်ကိုလာရှာသလား...အော်
ညက.....မင်းသားသုံးရဲ့ ရင်ငွေ့ကိုမလူံရလို့လားဟင်...
ခစ်ခစ်..."

ဂေဟာက အပျော်ဆက်သူရဲ့ အရှက်မဲ့တဲ့ ခနဲတဲ့တဲ့လေသံက
ဖန်းယွဲ့ကို မျက်ခုံးပင့်သွားစေသည်။ ညွတ်ကွေးသောအပြုံးကို
ပြုံးသည်။ထိုအပျက်​ကောင်သည်စည်းမရှိခဲ့။
ရုပ်ချည်းဆိုသလို ဖန်းယွဲ့ ၏အပြုအမူက ဂေဟာကို
ရေခဲတမျှ အေးစက်တောင့်တင်းသွားစေသည်။
ဖန်းယွဲ့၏ ခြေတံရှည်သည် ထိုအပျော်ဆက်ရဲ့ရင်အစုံကို
ဆောင့်ကန်ပစ်လိုက်ခြင်းဖြစ်သည်။ထိုနောက် လည်မျိုကို
နင်းထားလိုက်သည်။

"ငါသခင်လေးရဲ့ အမည်အပြည့်အစုံခေါ်ခွင့်မင်းလိူကောင်မှာ
ရှိသလား....ဒီအပြစ်ရဲ့အကျိုးဆက်က ဘာဖြစ်မလဲမင်းသိချင်လား"

ဟူဝေ့နဲ့ယန်ယန် သည် သခင်လေးရဲ့ ကျားရဲပုံစံကိုမမြင်ဖူးခဲ့တာ
အမှန် စိတ်အနေမာန်ကြီးသော်လည်း ငြိမ်ခံငုံခံခဲ့ရတာများသည်။
ယခု၌ တုံ့ပြန်မူ့က မြန်ဆန်လွန်း။

"ဟူဝေ့...သူ့ဝတ်စုံကို ဆုတ်ဖြဲလိုက်အရှက်မလုံတဲ့အထိ....
.ငါ့ကိုစော်ကားခဲ့တဲ့အယ့်ဒီနုတ်ခမ်းတွေကိုအပြီးတိုင်ပိတ်သွားအောင်
အပ်နဲ့ချုပ်ပေးပြီးခြေလက်တွေအကောင်းတိုင်းမရှ်ိအောင်
ရိုက်ချိုးထားတာငါမြင်ချင်တယ်....."

"သ...သခင်လေး...ကျွန်တော်မှားသွားပါတယ်....ကျွနိတော်မလုပ်ဝံ့
တော့ပါဘူး....ဒီကျွန်အသိစိတ်ကင်းမဲ့မိပါတယ်....
ကျေးဇူ့ပြုပြီးချမ်းသာပေးပါ....နောက်မလုပ်တော့ပါဘူး
သဘောထားကြီးစွာခွင့်လွတ်ပေးပါသခင်လေးရယ်..."

တုန်တုန်ရီရီနဲ့ထိုအပျက်ကောင်သည် သေလုမတက် ကြမ်းပြင်ကို
နဖူးနဲ့တိုက်ပြီးအခါအခါတောငိးပန်နေခဲ့သည်။ဂေဟာပိုင်ရှင်ခမျာ
သူ့လူတွေအကွယ်ကနေတောင်ထွက်မလာရဲ။ဖန်းယွဲ့ရဲ့ဒေါသမီးက
သူ့ဂေဟာကိုလောင်မြိုက်တော့မယ်ဆိုတာကောင်းကောင်းကြီး
သိနေပြီ။ ဖန်းယွဲ့သည် အနီရှိ စားပွဲခုံးပေါ် ထိုင်လိုက်သည်။
ထိုအပျက်ကောင်ရဲ့ ခြေသလုံးဖက်တောင်းပန် မူ့ကိုလဲ
မှေးစင်းတိတ်ဆိတ်စွာကြည့်နေသည်။

You've reached the end of published parts.

⏰ Last updated: Oct 14, 2023 ⏰

Add this story to your Library to get notified about new parts!

ဇနီးလေးက ငါ့ကိုစိတ်ဆိုးနေတယ်Where stories live. Discover now