၃.သူတို့စတင်ကြပြီ

28 4 0
                                    


နုသောလွင်သော လှသောကြည်သော အေး၍မြသောထိုအပြုံးသည်
ဖန်းယွဲ့ထံမှ ရရှိသောစိတ်ခံစားချက်ဖြစ်တယ်။လက်ကိုနောက်ပစ်
ပုခုံးကိုစွင့် မျက်နှာကိုမော်ကာဝင့်ကာ မြို့ထဲစျေးထဲလည်ပတ်နေသူ
သူ့ခြေလှမ်းတွေဟာ တိမ်တွေပေါ်မှာလျှောက်နေသလိုလွင့်စင်
ပေါ့ပါးနေသည်။ သဘောကျစရာတစ်ခုခုတွေ့တိုင်း
နုတ်ခမ်းတွေကိုကော့ညွတ်ကွေးစရာပြုံးတယ်။ဖန်းယွဲဟာ
ပြန်ရှင်သန်ချိန်မှာ အလွန်တရာ သွက်လပ်ကြည်စင်နေခဲ့ပြန်တယ်။
သူ့ခြေလှမ်းတွေကို ပန်းပေါင်းစုံတို့အလှကို တစုတစည်းထဲ မြင်ရသော
"မန့်ယီ" အပျော်စံအိမ်ဂေဟာရှေ့ရပ်တန့်လိုက်တယ်။
ဖန်းယွဲ့ကိုမြင်မြင်ချင်းပင် ဧည့်ကြိုများ ကလူကညူလုပ်နေသည့်
မိန်းမပျို ယောက်ျားပျိုကလေးများ က ခေတ္တမျှရပ်တန့်သွားကြသည်။

"မကောင်းဆိုးဝါးသခင်လေး...အလိုလေး...သူမဟုတ်လား."

"မနေ့ကပဲ...မင်းသားသုံးနဲ့လက်ထက်ကြတယ်မလား
အပျော်ရှာဖို့ ဒီနေရာကိုသူလာရဲသေးတာလား..."

"အရှက်မရှိလိုက်တာ...အဖိုးအာဏာနဲ့မင်းသားသုံးကို ယူပြီး
အခုကျ အပျော်ရှာဖို့ ဂေဟာကိုလာတယ် တရက်လေးတောင်
မနေနိုင်ဘူးပဲ..."

တီတိုး ပြောဆိုသံတွေက ဖန်းယွဲ့နားထဲ ပျားသံတွေလိုတဝီဝီစိုက်
ဆင်းလာတယ်။ တချို​့မျက်နှာလိုမျက်နှာရလုပ်သူတွေက
သူ့အနားခွေးအမဲရိုးတောင်းသလို ယင်ကောင်တွေလို
အမြီးနန့်ပြီး ဝိုင်းအုံလာကြတယ်။ ဖန်းယွဲ့က အပြုံးမပျက်။
ခပ်ထေ့ထေ့ပြုံးထားတဲ့မဲ့ပြုံး။ဟူဝေ့ ကသူ့သခင်လေးအနား
တိုးကပ်လာသူများကို ဟန့်တားလိုက်သည့်အခါ ဖန်းယွဲ့က
အချက်ပြ ပြီးမတားဖို့သတိပေးလိုက်သည်။

ဟူဝေ့ နားမလည်သူ့ သခင်လေးသည် ထိုသို့ ပရောပရီလုပ်ကြ
သည်ကို မကြိုတ်သူ​​ဖြစ်သည်။ယခင်က ဒီစံအိမ်ကိုလာရခြင်းသည်
သူချစ်တဲ့ မင်းသားသုံး ရံဖန်ရံခါ လာတက်သောကြောင့်
တွေ့ရလေမလားလို့ လာရှာတက်ခြင်းဖြစ်သည်။
မင်းသားသုံး ခေါ်ယူခဲ့သည့် ကချေသည် သီချင်းသည်တွေကိုလဲ
လိုတာထက်ပိုပြီး ရောဝင်နေတာတွေ့ရင် သခင်လေးသည်
ဒေါသထွက်ကာ ရိုက်နှက်ခိူင်းပါတယ် စံအိမ်ကနေလဲ
ရောင်းပစ်ဖိူ့ ဂေဟာပိုင်ရှင်ကိုဖိအားပေးတက်သည်ဟု
ထင်ယောင်ထင်မှားအမည်ဆိုးကို ရရှိထားသည်။
ထို့ကြောင့် သခင်လေးမှာအမည်ဆိူးတွင်ကျန်ရစ်သည်
မကောင်းဆိုးဝါးသခင်လေးတဲ့။စင်စစ်ထိုသို့မဟုတ်
မင်းသားသုံး ထိတွေ့သမျှအရာက်ို သခင်လေးသည်
သဘောကျသည် လူဆိုရင်ပင် ရက်စက်ခြင်းမပြု
ထိုသူတွေကသာ သခင်လေးကိုအသုံးချ၍ အသနားခံကြ
လွတ်လပ်မူ့ကိုရှာသွားကြ ခြင်းဖြစ်သည်။
ထိုအမည်ဆိုးကြောင့်လဲ မင်းသားသုံးက သခင်လေးကို
ရွံရှာမုန်းတီးနေချင်လည်းဖြစ်သည်။
အမှန်တရားကိုသိသူသည် ဟူဝေ့နှင့် ယန်ယန်သာရှိသည်။
ယခုတွင်မူ့ သခင်လေးသည် ဒီစံအိမ်ကိုဘာအတွက်လာသလဲ
ဟူဝေ့ တွေးမရ သခင်လေး မျက်နှာကိုလဲအကဲခပ်မရ။


You've reached the end of published parts.

⏰ Last updated: Oct 14, 2023 ⏰

Add this story to your Library to get notified about new parts!

ဇနီးလေးက ငါ့ကိုစိတ်ဆိုးနေတယ်Where stories live. Discover now