အပိုင်း(၁၂) uni & zg

Start from the beginning
                                    

"အကို ကျွန်တော်သောက်ချင်သေးတယ် သွားထိုင်ရအောင်"

ထိုက် သူ့ကိုတစ်ခုခုတော့ပြောမယ်ထင်ထားတာ ဘာမှမပြောဘဲပုံမှန်တိုင်းသာမျှ ထိုက်လဲအလိုက်သင့်သာပြန်နေလိုက်သည်။

ဝိုင်းရောက်တာနဲ့ whisky 1ခွက်ငဲ့ပီး ဆေးလိပ်ဖွာနေပြန်သည်။စိုင်းခက် ဆေးလိပ်သောက်နေတာ ၅လိပ်မကတော့ပေ ...

"စိုင်းခက် တော်တော့ မင်းများနေပီ ၁နာရီလဲထိုးပီ
ပြန်ကြမယ် ထ ကိုယ်ဘယ်လိုက်ပို့ရမလဲ
ခန်းမှူးလွင်ဆီလား ? "

"ဟင့်အင်း ကျွန်တော်အကို့ဆီလိုက်အိပ်မယ်ရလား "

ထိုက်နဲ့စိုင်းခက်သိလာတဲ့အတောအတွင်းရုံးခန်းကိုသာခနခနလာပေမဲ့ condo ကိုတော့တစ်ခါမှမလာဖူးပေ။

"ဟုတ်ပီ ရတယ်  ခုတော့အဲဆေးလိပ်ကိုအရင်ချသောက်နေတာ အတော်များနေပီ ကိုယ်မကြိုက်ဘူး"

စိုင်းခက်ကိုပိုင်စိုးပိုင်နင်းပြောကာ လက်ထဲကဆေးလိပ်ကို သူကိုယ်တိုင်ဆွဲယူ၍ငြိမ်းပစ်လိုက်
မိသည်။ ပြီးမှ စိုင်းခက်ကို ဆွဲထူကာ အောင်သန့်တို့ကိုနှုတ် ဆက်၍ ကားပါကင်သို့လာခဲ့လိုက်သည်။စိုင်းခက်ကို ကားပေါ်တင်ကာ ခါးပတ် ပတ်ပေးလိုက်ပီး condo သို့ဦးတည်လိုက်
တော့သည်။ စိုင်းခက်ကလဲသူလုပ်သမျှကိုနာခံစွာဖြင့်ဘာမှပြန်မပြောခဲ့ပါ ။
                   
           ****🌸🌸🌸*****

အခန်းသို့ရောက်တော့ ဧည့်သည်လာရင်အိပ်ဖို့ထားတဲ့အခန်းအားနေစေသည်။ရေချိုးအဝတ်စားလဲဖို့ ထိုက်အကျီအဖြူလေးနှင့် ချည်ဘောင်းဘီတိုလေးတစ်ထည်ပေးလိုက်သည်။ ထိုက်လဲ လန်းသွားအောင်ရေချိုးသန့်စင်လိုက်ပီးအခန်းထဲမှအထွက် ..  အခန်းတံခါးကိုမှီကာရပ်နေသည်။ထိုက်အကျီက စိုင်းခက်နဲ့ကွက်တိပင် ထိုက်ထက် အရပ်နဲနဲပုပေမဲ့ body ကတော့မတိုင်းမယိမ်းပင်...

"အကို ကျွန်တော် နဲနဲသောက်ချင်သေးတယ်ဘီယာရှိလား"

"ဟာ မင်းများနေပီလေ အိပ်တော့ "

"ရေချိုးလိုက်တော့ နဲနဲပြေသွားပီ ခေါင်းမကိုက်
အောင်နဲနဲထပ်တင်ချင်လို့"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now