(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ

Start from the beginning
                                    

အဓိက အရေးကြီးဆုံးက သူတို့အခုစစြ္ပဲထဲမွာ။ တိုကြ္ပဲက တစ်နေ့နဲ့တစ်ညကြာနေပြီ။ ပိုင်ရှန်းရှို့နဲ့စစ်သားတွေက သူတို့ရဲ့ရန်ကိုသေချာခုခံနေတဲ့အချိန်မှာ ရန်သူဖက္က ယူလာတဲ့ဗုံးတွေက ကုန်သလောက်ဖြစ်နေပြီ။ ပိုင်ရှန်းရှို့က ပြောင်းမုန့်တွေဝြေပီးတာနဲ့ မီးယမ်းမှုန့်ဗုံးထုတ်တဲ့ဆီကို ချက်ချင်းပြေးသွားတာပဲ။ ဖြည်းဖြည်းချင်းနဲ့သေချာပေါက် ဗုံးတွေကို သူမ တစ်ခုပြီးတစ်ခုဖန်တီးတော့တယ်။ တစ်ညအတွင်းမှာပဲ ဗုံးရာချီလုပ်နိုင်မှာသေချာတယ်။

အားကောင်းကောင်းနဲ့ပေါက်ကွဲတဲ့ လက်ပစ်ဗုံးတစ်ရာက မော်ဒန်ခေတ်ကစစ်ပွဲတွေမှာသုံးတာနဲ့ သိပ္မကြာဘူး။ ဒါပေမယ့် ရှေးခေတ်မှာတော့ ဒီလိုအင်အားမျိုးက ကောင်းကင်ကိုတောင်အံတုလို့ရသေး။ မြို့ကိုဝိုင်းထားတာနဲ့ မြို့ကအဝိုင်းခံရတာ နှစ်ခုက မတူဘူး။ ယွီခွမ်းနဲ့ဝူးလင်ကလူတွေကတော့ လူစုစု စုစုမြင်တာနဲ့ ဗုံးကောက်ပစ်ကြတော့တာပဲ။ သူတို့ရဲ့ကိုယ်ဖော့တဲ့ပညာက အရမ်းကောင်းတော့ ရန်သူလည်းသူတို့ကိုလိုက်လို့မမှီဘူး။ လူတွေစုနေတာမြင်တိုင်း ဗုံးတစ်လုံးတစ်နဲ့။ တစ်ခါပစ်ရင် လူတစ်ဒါဇင်လောက်တော့ အသာလေးပဲ။

ရန်သူလည်း ကြောက်စပြုလာပြီ။ သူတို့ဖက္က တပ်သားအရေအတွက်လျော့လာသလို ပိုင်ရှန်းရှို့ရဲ့ဗုံးတွေကလည်း အတော်လေးကိုအားပြင်းတယ်။ သူတို့ရှုံးနေပြီဆိုတာကိုမြင်တော့ အာရုံတက်တာနဲ့ နောက်ပြန်ဆုတ်သွားကြတော့တယ်။ မင်းသားရုံဆို ချွေးစေးတောင်ပြန်တယ်။
သူသာ မနေ့ညက ကြောက်လန့်ပြီးလုံဟန့်ဆီကိုစာပို့လိုက်ရင် နင်ကျင်းတင်မကဘူး ဆုံးရှုံးစရာတွေများသွားမှာ။အမှန်အတိုင်းပြောရရင် တိုင်းပြည်ရဲ့တစ်၀က်လောက်အထိကို ပါသွားနိုင်တယ်။ သူတို့ရဲ့ အောင်မြင်မှုက ပိုင်ရှန်းရှို့ကြောင့်ပဲ။ ကေလးမေလးကို သူ့မွေးစားညီမလုပ်လိုက်တာ တကယ်မှန်သွားတယ်။

နေထွက်တာကိုမမြင်ရတာ နှစ်ပေါင်းများစွာကြာနေတဲ့သူလို သူခံစားနေရတယ်။ အဲ့အချိန်မှာပဲ တစ်ယောက်က သတင်းပို့လာတယ်။
"အရှင့်သား အရေးပေါ်ကိစ္စပါ။ သခင်မရှို့မူးလဲသွားပါတယ်။"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now