အပိုင်း(၁၁) uni & zg

Start from the beginning
                                    

ထိုက်ဒီနေ့မျက်နှာမကောင်းတာကို ဒီကောင်တွေရိပ်မိသွားပုံရသည်။... စိုင်းခက် နဲ့မတွေ့ရတာ၁ပတ်ရက်ရှိနေပီလေ၊ သူငယ်ချင်းတွေနဲ့ သွားသောက်မလို့တဲ့၊ နောက်ရက်ကျသောက်တာများပီးမထနိုင်လို့အပြင်မထွက်ချင်လို့တဲ့လေ၊ မတွေ့ရတာ ကြာပီမို့တွေ့ချင်တာမှန်ပေမဲ့ ဒါကအဓိက အကြောင်းမဟုတ် သေး ညက messager မှာ ပို့လာတဲ့စာကြောင့်သာထိုက်လုံးဝစိတ်မကြည်တာဖြစ်သည်။..

"အကို ဟိုနေ့က ကျွန်တော်တင်တဲ့ my day တွေကို ဟိန်းကဝင်ကြည့်ပီး လက်မ တွေတန်းစီးပေးသွားတယ်၊ပီးတော့ အရင်အပတ်က ကျွန်တော့ကို စာလာပို့တယ် "ဘာတွေလုပ်နေလဲဲတဲ့လေ "
အကိုရယ် ကျွန်တော်ပျော်လိုက်တာသိလား... ဟိန်းကျွန်တော့်ဆီပြန်စိတ်လည်လာပီထင်
တယ်နော်၊ အဲတာကျွန်တော်ပြောဖို့မေ့နေလို့ အကိုဝမ်းသာရအောင်လှမ်းပြောတာ "

ထိုစာများကိုဖတ်ပီး ထိုက်စာပင်မပြန်ဖြစ်ခဲ့ ရင်ထဲမှာ တနှုန့်နှုန့်ဖြစ်ကာ ညကနောက်ကျမှတောင် အိပ်ပျော်ဖြစ်ခဲ့သည်။ မနက်ရောက်တော့
အိပ်ရေးကမဝစိတ်ကမကြည်လင် တအားသိသာသွားလို့ထင်ပါရဲ့ ဒီကောင်တွေရိပ်မိသွားတာ ... ။

သူတို့စားသောက်ပီးတာနဲ့ ဧည့်ခန်းသို့ထွက်လာပီး
One Day ဆိုတဲ့ ထိုင်းအချစ်ကားကိုကြည့်နေလိုက် ကြသည်။ နဂိုထဲကမှ စိတ်မကြည်ပါဘူးဆိုဒီကားကြည့်ပီး ဝမ်းနဲလာရသည်။ အောင်သန့်ဆိုမျက်ရည် ပါဝဲနေသေးတာ။ ထိုစဉ် ....

ဝင်လာသော I phone ringtone သံ ....

"ဟာဘယ်သူ့ဖုန်းလဲကွာအရှိန်ပျက်တယ်မြန်
မြန်ကိုင်"

မိုးထက်က အော်လေသည်။
ထိုက် အခန်းထဲပြေးသွားလိုက်ပီးဖုန်းမြန်မြန်ကိုင်
လိုက်ရသည် ...

"အင်း စိုင်းခက် ပြော"

"အကို... "

စိုင်းခက်အသံကို ခပ်ဆွဲဆွဲခေါ်တော့

"အင်း ကိုယ်နားထောင်နေတယ်"

"ကျွန်တော်အရမ်းပျင်းနေလို့ အကိုရောဘာလုပ်နေလဲ"

"ကိုယ့် သူငယ်ချင်းတွေရောက်နေလို့ဇာတ်ကား
ကြည့်နေကြတာ"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now