(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

Start from the beginning
                                    

သေနတ်သံပြီးနောက်တွင် ဆယ်မှတ်ဟူသော သင်္ကေတက ဖန်သားပြင်ပေါ်၌ပေါ်လာသည်။

“ ဖေဖေက ဆယ်မှတ်ကွင်းကို ပစ်လိုက်တာ ”

"အဲ့ဒါက ကောင်းတာလား"

"ဒါပေါ့ " ချန်းဟွမ်က ရှင်းရှင်းကို ခေါင်းညိတ်ပြလိုက်၏။ 

" ၁၀မှတ်က အမြင့်ဆုံးပဲလေ "

“ဝါး …”

ရှင်းရှင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။ ထို့နောက် မျက်နှာသေးသေးလေးပေါ်၌ မာန်တက်နေသော အမူအရာပေါ်ထွက်လာသည်။

"သိသားပဲ...ဖေဖေက အတော်ဆုံးပဲဆိုတာ "

ရှင်းရှင်း၏မျက်လုံးထဲ၌ သူ၏အဖေဖြစ်သူမှာ အမြဲတမ်း အစွမ်းထက်၏။ ထိုအစွမ်းသတ္တိအား နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသည့်အခါတွင် သူသည်ဂုဏ်ယူမဆုံးနိုင်တော့ချေ။

ကျန်းမင်ယွမ်က အလွန်တည်ငြိမ်နေ၏။သူ သူ့စွမ်းဆောင်ရည်အား လုံးဝ မအံ့သြမိ‌ပေ။

၁၀ချက်ပစ်ခတ်ခဲ့ရာတွင် ကိုးမှတ်တန်တစ်ချက်မှလွဲ၍ ကျန်ပစ်ခတ်မှုအားလုံးသည် ဆယ်မှတ်ရရှိခဲ့သည်။

ချန်းဟွမ် ကျန်းမင်ယွမ်အား အလွန်အထင်ကြီးနေပြီဖြစ်၏။ရှင်းရှင်းမှာမူ အဖေဖြစ်သူအား စူပါမန်းအဖြစ်ပင် မြင်နေပေပြီ

၁၀ ချက်ပစ်ပြီးသောအခါ ကျန်းမင်ယွမ်က သေနတ်ကို   နေရာတကျပြန်ထား၏။ထို့နောက်မျက်လုံးနှင့် နား အကာအကွယ်များကို ဖြုတ်လိုက်သည်။

ရှင်းရှင်းက ဒုံးကျည်ငယ်လေးတစ်ခုသဖွယ် အဖေဖြစ်သူထံ တစ်ချိုးတည်းပြေးသွား၏။

ယနေ့အစောပိုင်းက သင်ခန်းစာရခဲ့သောကလေးငယ်သည် ကျန်းမင်ယွမ်ထံသို့ မရောက်မီတွင်  အရှိန်အနည်းငယ်လျှော့လိုက်သည်။ သူသည် ကျန်းမင်ယွမ်၏ ရင်ခွင်ထဲသို့  လှဲချကာ ခြေထောက်ကို ဖက်ထားရင်း အလွန်ချိုမြိန်သော လေသံဖြင့် ပြောသည်။

  "ဖေဖေက အရမ်းတော်တာပဲ... "

ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူထံမှ ချီးကျူးမှုကို အလွန်ပင်သဘောကျ၏။သူသည် နောက်ထပ်အကြိမ်အနည်းငယ်မျှပင် ထပ်ပစ်ချင်ခဲ့သည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Where stories live. Discover now