(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်

1.1K 74 0
                                    

Chapter 151

အသက်အရွယ်မရွေးသော အမျိုးသားတိုင်းသည် သေနတ်ကို ခုံမင်တတ်ကြသည်။  ကျန်းမင်ယွမ်သည်လည်း ထိုကဲ့သိုပင်ဖြစ်၏။

ကျန်းမင်ယွမ် နိုင်ငံခြားသို့ ပညာတော်သင်သွားစဉ်က သေနတ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှိခဲ့သည်။

ဤကဲ့သို့သောခန်းမပုံစံများကိုလည်း စီးပွားရေးအရ  ဒီဇိုင်းဆွဲပေးခဲ့ဖူး၏။

သေနတ်ကိုင်ထားသောကျန်းမင်ယွမ်၏ပုံစံက လွန်စွာ အတွေ့အကြုံရှိပုံရသည်။နည်းပြဆရာက ကျန်းမင်ယွမ်အား ခေတ္တကြည့်ပြီး မည်သည့်မှတ်ချက်မှ ထပ်မပေးချေ။

သေနတ်ထဲတွင်ဖြည့်ထားသည်မှာ ကျည်အစစ်ဖြစ်သည်။ ပစ်မှတ်များသည် ငြိမ်သက်နေပြီး အဝေးဆုံး ၂၅ မီတာအထိရှိ၏။

ကျန်းမင်ယွမ် သေနတ်ကိုင်လိုက်သောအခါ ချန်းဟွမ်နှင့် ရှင်းရှင်းက စောင့်ကြည့်ရန် မှန်တံခါးနောက်သို့ထွက်လာခဲ့ကြသည်။ သားအမိနှစ်ယောက်သည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သေနတ်ပစ်ပုံကို စိတ်ဝင်တစား ကြည့်နေကြ၏။

ကျန်းမင်ယွမ်က မျက်လုံးကာကို တပ်ဆင်ထားသည်။  သူ့၏ပါးစပ်ကို မျဉ်းဖြောင့်ကဲ့သို့ တင်းတင်းစိထားပြီး မေးစေ့မှာ တောင့်တင်းနေ၏။ သူသည်ပြင်ဆင်ရန် အချိန်အများကြီး မယူလိုက်ရပေ။

ချန်းဟွမ်တစ်ယောက် လက်ဖက်ရည်ခွက်အား  လှမ်းယူလိုက်ချိန်တွင် " ဘန်း " ဟူသောအသံကိုကြားလိုက်ရတော့၏။

ကျည်ကာမှန်များကို ဖြတ်ကျော်၍ထွက်လာသော

ဆူညံသံက အနည်းငယ် လျော့ပါးသည်။ သို့သော်လည်း ရင်ခုန်စေလောက်သည်အထိ ကျယ်လောင်လွန်းသေး၏။

ချန်းဟွမ်က လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ပစ်မှတ်ကိုစပ်စုရန် သားဖြစ်သူနှင့်အတူ မှန်တံခါးအနီးသို့ အပြေးလေး‌သွားသည်။

"မေမေ...ဖေဖေ ပစ်လိုက်ပြီလား "  ရှင်းရှင်းက အလွန်စိတ်လှုပ်ရှားနေ၏။

" ထိသွားပြီ "  နံရံပေါ်တွင် ကြီးမားသော LED ဖန်သားပြင်တစ်ခုရှိပြီး ၎င်းက ပစ်မှတ်ရလဒ်ကို ပြသသည်။

(၂)ဇာတ်လိုက်၏ဗီလိန်ဇနီးသည်Unde poveștirile trăiesc. Descoperă acum