"မားက ဘာလို့ လက်မခံနိုင်ရမှာ မားက တစ်ခြားမိဘနဲ့ မတူဘူးနော် ခတ်မှီတဲ့ မိဘ ..

"ဟားဟားး ဟုတ် ဟုတ်ပါပြီဗျာ မားရယ်...

"ဒါနဲ့သားကျန့် အဲ့ကောင်လေးနဲ့ ဘယ်တုန်းကတွဲတာလဲ အသံလေးတောင် ဒီလို ယဥ်ကျေး ရုပ်လေးဆို ဘယ်လောက်ချစ်ဖို့ကောင်းမလဲ နောက်တစ်ခါ မားဆီခေါ်ခဲ့ပါအုံး...

"ဟာ မားကလဲ သူက အတန်းဖော်ပါဆို တကယ် မပတ်သ-တ်သေးပါ ဘူး...

မားမားဖြစ်သူ စကားကြောင့်ရှောင်းကျန့်တစ်ယောက် ရှက်နေသည် ဒါကို သိတဲ့ မားမားကလဲ သူ့သားကို စသည်။

"မပတ်သ-တ်သေးဘူးဆိုတော့ ပတ်သ-တ်တော့မယ့် ပုံစံပေါ့...

"မားကလဲ ဗျာ...စပြန်ပြီ

"ကဲကဲ မားမစတော့ဘူး ဖုန်းပြန်ဆက်လိုက်အုံး သွားစရာရှိရင်သွား မားကိုမပူနဲ့ မင်းအမ တွေနဲ့ မားနေမယ်...

မားမားဖြစ်သူကို နှုတ်ဆက်ခဲ့ပြီး ချန်ယီဆီ ဖုန်းဆက်လိုက်သည်။

"Hello...ချန်ျလး...

"ဟုတ်အကို...

"ချန်လေး ဘယ်ရောက်နေပြီလေ...

"ကျွန်တော် ဆေးရုံ အောက်မှာ..

"ဟင် အော့ ဒီမှာ ဒီမှာ...

ဖုန်းထဲက ချန်ယီစကားကြားတော့ ဆေးရုံ ရှေ့ ကြည့်လိုက်တော့ ချန်ယီကို မြင်လိုက်ရတာမို့ လက်လှမ်းပြသည် ။

"ချန်လေး..ဘယ်လိုဖြစ်လို့ ဆေးရုံ အထိလိုက်လာတာလဲ ကိုယ်ဒီမှာရှိတာ ဘယ်လိုသိလဲ..

"ဟို ဟို အန် အန် တီ ပြောပြတာ...

"ဟော မားမားကတော့ ချန်လေး တကူးတက ကြီး ရောက်လာရပြီ...

"အဲ့ အဲ့လို မဟုတ်ပါဘူး ချန်လေး ဘာသာ လာတာပါ အန်တီလာခိုင်းတာ မဟုတ်ဘူး...

"အင်း ဟုတ်ပါပြီ နောက်ဆို တကူးတက ကြီး လာစရာမလိုပါဘူးနော် ချန်လေး ပင်ပန်းတယ်

တကယ်တော့ ချန်ယီတစ်ယောက် သူ့အကိုနဲ့ တွေ့ရမှာကို စိတ်လှုပ်ရှားပြိီး အိမ်ကနေ အစောကြီး ထွက်လာချင်းသာ ဖြစ်သည် အချိန်ပိုနေသည်နဲ့ ဆေးရုံ ကို ရောက်လာသည်သာ....

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now