အပိုင်း(၈) uni & zg

Start from the beginning
                                    

" ကိုထိုက် လာစစ်တာလားဗျ အကုန်အဆင်ပြေပါတယ် ကျွန်တော်သေချာစီစဉ်ထားတယ်"

"မဟုတ်ဘူး ကိုယ့်သူငယ်ချင်းတွေနဲ့ထိုင်ရအောင်လာတာ ဝိုင်းကမရှိတော့ဘူးလား "

"ကိုထိုက် မလာလောက်ဘူးထင်လို့ကျွန်တော်လဲကြိုမချန်ထားဖြစ်လိုက်တာ"..

ထိုက်တို့လဲစိတ်ပျက်လက်ပျက်ဖြင့် ဟိုဟိုဒီဒီ
လိုက် ကြည့်နေစဉ် .. bar ၏ထောင့်အကျဆုံးဝိုင်းတွင်ကောင်လေး၃ယောက်နှင့်အရက်ခွက်ကိုယ်စီကိုင်ကာကနေသောစိုင်းခက်ကို မြင်လိုက်ရသည်။ ထိုက်လဲ ပြုံး၍ စိုင်းခက်တို့ရှိရာ ဝိုင်းသို့လျှောက်လာလိုက်သည်။ ဟို၃ကောင်ကလဲထိုက်နောက် မှသာလိုက်လာခဲ့လိုက်၏

စိုင်းခက်ဒီနေ့ဟိုကောင်တွေကောင်းမှုနဲ့bar ပွဲတွင်ကဲနေလေသည်။ထိုစဉ်သူတို့ဆီသို့လျှောက်လာနေသောထိုက်ဘုန်းရှိန်ကို လှမ်းမြင်လိုက်ရသဖြင့် အနားပြေးသွားလိုက်ကာ .....

"ဟာ အကို မတွေ့တာတောင်ကြာပီပွဲလာတာလား အကိုက ဒီလိုပွဲတွေကိုကြိုက်တယ်လား"

"အင်း ဒါကိုယ့်hotelက စီစဉ်ပေးတာလေ ခုက
ကိုယ့်သူငယ်ချင်းတွေနဲ့လာတာ ကိုယ်လဲအလုပ်
ရှုပ်နေတော့ ဝိုင်းမချန်ထားခိုင်းလိုက်ရလို့"

"Wow ... အကိုက မိုက်တယ်ဗျာ ဝိုင်းက
ကျွန်တော့တို့နဲ့ ပေါင်းလိုက်ပါလား အကုန်လုံးက မတ်တပ်ရပ်နေကြတာဆိုတော့ ထိုင်ခုံလောက်ပါတယ် လာအကို ..."

ထိုက်တို့လဲ စိုင်းခက်တို့အဖွဲ့နှင့်ပေါင်းထိုင်လိုက် ကြသည် ။ အောင်သန့်တို့ကတော့ ဘယ်တုန်းကကလေးတွေနဲ့အပေါင်းအသင်းဖြစ်သွားတုန်းမေးနေကြသဖြင့် ဖြစ်ခဲ့သမျှရှင်းပြလိုက်ရသေး၏
ခုဆိုသူတို့အုပ်စု ပိုပီးအဖွဲ့တောင့်သွားလေသည်။
စိုင်းခက်သူငယ်ချင်းတွေကလဲပျော်တတ်သောက် တတ်တော့ ထိုက်တို့အုပ်စုနဲ့ထူးပီးညှိစရာမလို
ချက်ချင်းရင်းနှီးသွားကြတော့သည်။ခုလဲ ဝိုင်းကိုထားပစ်ခဲ့ပီး dj စင်နားထိရောက်အောင်သွားကာ သူတို့၂ဖွဲ့ သောက်လိုက်ကလိုက်ဖြင့် ပွဲစည်နေ၏

ထိုက်ကရတာ မောလာသဖြင့် ဝိုင်းဆီသို့ပြန်လာကာ မကြာဘူးစိုင်းခက်ရောက်လာလေသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး ရီ၍ အမောဖြေနေလိုက်ပီး cheer လုပ်ကာ တစ်ခွက်စီမော့လိုက်ကြသည်။ ထိုက်က စိုင်းခက်ကို ကြည့်ပီး ...

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now