ဒီနေ့ ခန်းမထဲ သူ့လုပ်ရက်တွေဟာ နောင်တချိန်မှာ ဒီကောင်လေးကို အန္တာရယ်တွင်းထဲ ဆွဲခေါ်နိုင်သလို သူနဲ့ ဒီကောင်လေးကို နီးစပ်နိုင်မယ့် ဒုတိယနည်းလမ်းလဲ ဖြစ်သည် ဒီလမ်းကို ရွေးချယ် ခဲ့ပြီမို့ ဒီကောင်လေးကို ကာကွယ် ပေးရမယ့် တာဝန်တစ်ခုကိုလဲ သူ ငြင်းဆန် လို့မရပါ ...သူ့အလှလေးကို သူကတော့ ကာကွယ် မှာဖြစ်သည် ဆံမျှင်တစ်ပင်ကိုပင် လာမထိရဲလေအောင် သူဟာ ဒီအလှလေးကို တန်ဖိုးထားမည် ။

  အစမှာ Loveနဲ့ မစပေမယ့် အဆုံးမှာတော့ Loveနဲ့ ဆုံးလိမ့်မယ်လို့ ရိပေါ်ထင်မိသည် ..

  .မပြည့်စုံတဲ့ ဒီကောင်လေးကို ပိုက်ဆံပေးပြီး သူလိုချင်တာတွေကို လုပ်ယူနေတာတွေက ဘယ်အထိ ခံနိုင်ရည်ရှိမလဲ သူမသိပါ ... ဒီအလှလေးကို စွဲလန်းသည်ထက် ဒီအလှလေးကို သူချစ်မိနေတာ ဖြစ်သည် ။

ဝင်တိုက်ပြီး တောင်းပန်စကား ဆိုထဲကပေါ့ လှလိုက်တာ လို့ နှုတ်က ထုတ်ပြောမတတ် ရင်ထဲကနေ ရေရွတ်မိခဲ့သည် ... ကောင်လေး အကြောင်းကို စုံစမ်းဖို့ တွေးနေချိန်မှာပဲ ရုပ်တရက် ဆုံတွေ့ခဲ့ကျတယ် ...ဆုံတွေ့တဲ့ ပုံစံလေး လွဲ သွားပေမယ့် ဒီအလှလေးကိုတော့ သူလက်လွတ်မှာ မဟုတ်တော့ပါဘူး။

အတွေးတွေကို ထုတ်လို့ အလှလေး ကို တစ်ချက် လှည့်ကြည့်သည် အိပ်နေတာတောင် လှရက်သည် .. ကိုယ့်ငချဥ်မှကိုယ်ချဥ်သည် ထင်တယ်ဆိုအုံး သူ့အလှလေးကတော့ အမှန်တကယ်ပင် လှပသည် ..ဒီမျက်နှာလေးနဲ့ အလှလေးတွေပြည့်နေတဲ့ ကောင်လေးကို ဘယ်သူမှမမြင်လေအောင် ဖွက်ထားလိုက်ချင်သည် ။

နှုတ်ခမ်းချွန်ချွန်လေးနဲ့ ခပ်ပါးပါး နှုတ်ခမ်းလေး ဆွဲဆောင်မှုအရှိဆုံးလို့ ထင်ရတဲ့ နှုတ်ခမ်းအောက်က မှဲ့နက်လေး ...

တမြတ်တနိုး နမ်းရှိုက်ချင်စရာ မှဲ့နက်ကို ရှောင်းကျန့် ဆိုတဲ့ ဒီကောင်လေးနဲ့ တမျှ မြတ်နိုးသည် ။

   ရိပေါ်တစ်ယောက် ... အလှလေး အိပ်နေတဲ့ မျက်နှာချင်းဆိုင်မှာ ဝင်လှဲလိုက်ပြီး အိပ်ပျော်နေတဲ့ ကောင်လေးကို တစ်စိမ့်စိမ့် ကြည့်ရင်း အိမ်မက်ကမ္ဘာဆီကို ရွက်လွှင့်လေသည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now