အပိုင်း(၆) uni & zg

Start from the beginning
                                    

" မနက်ဖြန် စိုင်းခက်ဘယ်နေရာတွေသွားချင်လဲ"

" view point နဲ့ နှစ်တစ်ရာ ချက်ကျောင်းတော့သွားချင်သေးတယ် ကျန်တဲ့နေရာတော်တော်များများကတော့ ရောက်ဖူးတယ် "

"အင်း အဲတာဆို စောစောလေးသွားကြတာပေါ့"

"ဒါနဲ့အကိုက ဒီကိုဘာကိစ္စရှိလို့လဲ"

"ကိုယ်တို့ ဆောက်နေတဲ့ hotelမှာcaesလေးတစ်ခုဖြစ်သွားလို့ဖြေရှင်းဖို့လာတာလေ...မန္တလေးက *** hotel ကိုသိတယ်မို့လား ခုကလောမှာအခွဲ
ထပ်ဖွင့်တာ"

"အကိုက ဘောစိဘဲဗျ hotel ပိုင်ရှင်ကြီးနဲ့ဘော်ဒါဖြစ်ရတာ နဲနဲတော့ရှိန်သွားပီ"

"ဟဟ မင်းကတော့ပြောတော့မယ်... မင်းရောဘာအလုပ်လုပ်နေလဲ"

"ဟီးဟီး ဘာအလုပ်မှမလုပ်ဖူးဖေဖေကတော့ ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်လေ
ကျွန်တော်တို့က ဘော်ဘော်တွေဖြစ်သွားပီဆိုတော့ အကို့ Facebook account ပေးထား မန္တလေးပြန်ရောက်ရင် စုံကြမယ်လေ ကျွန်တော့်သူငယ်ချင်းတွေနဲ့လဲ မိတ်ဆက်ပေးမယ်"

တစ်ယောက်တစ်ပေါက်စကားတွေလက်စုံကြရင်း ကလောခရီးစဉ်ပထမရက်လေးကုန်ဆုံးသွားသည်။

                 **** 🌸🌸🌸*****

မနက်ခင်းတွင် သူတို့အရင်ဆုံး view point သို့
တိမ်တွေမြင်ရအောင်စောစောလေးသွားလိုက်ကြ
သည်။ view point ရဲ့ အလှတရားက တိမ်တွေပေါ်မှာ လွှင့်မျောသွားချင်သည်အထိ ခံစားစေသည်။

View point မှ အဆင်း ကလောမြို့ရဲ့ နာမည်ကြီး
ဆိုင်လေးဖြစ်သည့် "Monaco Cafe & Restaurant"တွင် ဝင်စားကြသည်။ ဆိုင်အပြင်အဆင်လေးက တကယ်ကို ချစ်စရာကောင်းသည်။

"အကိုက beef burger နဲ့ french fries set ကိုမှာ
ကာ ကျွန်တော်ကတော့ beef steak ကိုမှာလိုက်
သည်။ " ... စားပြီးသည်နှင့် ကလော နှစ်တစ်ရာ ချက်ကျောင်းကို လာခဲ့လိုက်သည်။

ဘာသာ မတူသော်ညားလဲ ချက်ကျောင်းကြီးက လွန်စွာခမ်းနားပီး စိတ်ဝင်စားဖို့ကောင်းလှသည်။
ချက်ကျောင်းထဲ လှည့်ပတ်ကာ စူးစမ်းရင်းမှတ်တမ်းဓာတ်ပုံများရိုက်ယူခဲ့လိုက်သည်။

အကိုနဲ့မထင်မှတ်ပဲ တွေ့ဆုံကြပီး ခုလိုလျှောက်
လည်ဖြစ်တော့အတော်လေးရင်းနှီးသွားတော့သည်။ အကိုက ကျွန်တော့ထက်အရပ်နဲနဲရှည်တော့လမ်းယှဉ်လျှောက်ရင်ကျွန်တော့်မှာ မော့ကြည့်နေရတယ် သေချာကြည့်လျှင်အကိုက တော်တော်လေးချော၏ မျက်ခုံးထူထူကလဲ ဆွဲဆောင်မှုရှိလှသည်။ စိုင်းခက်လဲ ဒီလို လူချောဘောစိ အကိုတစ်ယောက်ကောက်ရလိုက်သဖြင့် ပျော်မဆုံးဖြစ်နေတော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now