အပိုင်း(၅) uni & zg

Začít od začátku
                                    

ကလောနာရီစင်ကြီးဟာ 55 ပေမြင့်ပီး 2017 မှာ စပီးဖွင့်လှစ်ခဲ့တာဖြစ်သည်။ စိုင်းခက်လဲ နာရီစင်အား အမှတ်တရ ပုံလေးသာရိုက်ခဲ့တော့၏ ။

ကလောမြို့တွင်း ၃ နေရာလောက်သွားပီး ဟိုလျှောက်ပတ် ဒီလျှောက်ပတ်နှင့် အချိန်ကား နေ့လည် ၁၁ ပင်ခွဲရှိလေပြီ ။

" ခုထိလဲ ဖုန်းဆက်မလာပါလား ငါကလဲတုံးနေပြန်ရော ငါ့ဖုန်းနံပါတ်ပဲပေးလိုက်ပီးသူ့နံပါတ်မတောင်းလိုက်ရဘူး"

စိုင်းခက်လဲ ဖုန်းမျှော်နေရင်း လမ်းမှာတွေ့တဲ့
cafe kalaw ဆိုင်တွင် ခနဝင်၍ ကော်ဖီနဲ့မုန့်မှာ ရင်း စောင့်နေလိုက်သည် .... ဝန်ထမ်းလာချပေးသော ကော်ဖီလေးသောက်ရင်း ခုနက သူရိုက်ထားတဲ့ပုံလေးတွေကို ပြန်ကြည့်နေစဉ် .. တီတီတီ.... contact မှတ်မထားသောနံပါတ် ...

"ဟယ်လို"

"စိုင်းခက် လား ကိုယ် ထိုက်ဘုန်းရှိန်ပါ"

"ဟာ အကို ခုမှပဲ ဖုန်းဆက်တော့တယ် ကျွန်တော်လဲဖုန်းနံပါတ်ပြန်တောင်းဖို့မေ့သွားလို့ ဘယ်လိုဆက်သွယ်ရမှန်းမသိဖြစ်နေတာတဲ့ အကိုဆက်အလာကို စောင့်နေတာ "

" ကိုယ်လဲ ခုမှ အလုပ်ကိစ္စပြတ်လို့ ၊ ပီးပီးခြင်း
စိုင်းခက်ဆီ ဆက်လိုက်တာပဲ၊မင်းအခုဘယ်မှာလဲ ကိုယ်လာခဲ့မယ် "

ထိုက်လဲစိုင်းခက်ပြောသော cafe ဆိုင်သို့ထွက်လာလိုက်သည်။

ဆိုင်ထဲရောက်တော့ ထောင့်ကျကျ ခုံလေးမှာထိုင်လျက် headphone လေးတပ်ပီး ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် သီချင်းသံကိုစီးမျောနေ၍ ဆံပင်ခပ်အုပ်အုပ်လေးက ပွနေကာ ချစ်စရာတော့ကောင်းလှသည်။ သူ့ဘေးဝင်ထိုင်လိုက်မှ သတိပြန်ကပ်ကာမျက်လုံးလေးများ မှိတ်သွားသည်ထိပြုံးပြလာသည်။

"ဘယ်နေရာတွေရောက်ပီးပီလဲ စိုင်းခက်"

"နှီးဘုရားရယ်၊မြို့မစျေးရယ်၊နာရီစင်ရယ်နဲ့ဟိုဟိုဒီဒီလောက်ပဲ ရောက်သေးတာ နီးတာလေးတွေအရင်သွားလိုက်တယ်ကျန်တဲ့နေရာတွေကို အကိုလာမှသွားမလို့"

"အင်း အဲတာဆို ဗျိုက်တောင် နဲ့ ကလောဘူတာရုံကိုသွားကြမယ်လေ "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Kde žijí příběhy. Začni objevovat