အပိုင်း(၃) uni & zg

Começar do início
                                    

" ဟုတ်ပီ ဒါဆိုရင် မန်နေဂျာကို အခြေအနေတစ်ချက်ထိန်းထားဖို့ လှမ်းအကြောင်းထား ကိုယ် မနက်ဖြန် လာမှာမို့လို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့ ကြိုပြောထားလိုက်ပါ "

" ဟုတ်ကဲ့ ဒါဆို မနက်ဖြန် သွားဖို့ ဘယ်လိုစီစဉ်ပေးထားရမလဲ ကိုထိုက် "

" မနက်ဖြန်က စနေ နေ့ဆိုတော့ ကိုယ်တို့ကားကကလောခရီးစဉ် ရှိလား "

မြကေသီလဲ တစ်ချက် စစ်လိုက်ပီး

" နေ့လည် ၁ နာရီ ထွက်မဲ့ တစ်စီးရှိပါသေးတယ် "

" ဟုတ်ပီ ဒါဆို ကိုယ့်အတွက် ၁ခုံစာ ချန်ထားခိုင်းလိုက်ပါ "

ကလောက တောင်တက်ခရီးဖြစ်ကာ ကိုယ်တိုင်ကားမမောင်းချင်ပါ ဒါအပြင့် ဖေဖေကလဲ ခရီးသွား ကား ဘက်ကိုမလှည့်ဖြစ်၍ စစ်ဆေးရန်ပြောနေသဖြင့် ခုလိုကြုံတုန်း လိုက်စီးဖို့ စီစဉ်ဖြစ်လိုက်သည်။

"အော်ပီးတော့ ကိုယ့်အတွက် **** Glamping resort  မှာ ကြိုချန်ထားခိုင်းလိုက်ပါ "

မြကေသီ ထွက်မသွားခင် လှမ်းပြောလိုက်သည် ။

တီတီတီ .... ဖုန်းခေါ်သံကြောင့် တစ်ချက်ကြည့်ကာ စိတ်ညစ်ညစ်ဖြင့် ...

" ပြော အောင်သန့် "

"ဟ မင်းအသံကြီးကလဲ ကွာ ထမင်း ၇ ရက်မစားရတဲ့အတိုင်း ဖျော့တော့နေပါလားကွ ငါတို့ ceo လေး အလုပ်တွေမှ ပိနေရဲ့လား "

" အေးကွာ ပြသာနာ နဲနဲရှိလို့ "

" အလုပ်ပြသာနာ အလုပ်မှာပဲထားကွာ ဒီညမင်းလာရမှာနော် ကျော်ဇောရော ၊ ဟိုနိုင်ငံခြားပြန်ကြီး
မိုးထက်ရော လာမှာကွ.. "

" ဟ ဒီကောင် ပြန်ရောက်နေပီလား ... ငါလဲ ခုရက်ပိုင်း နှစ်ချုပ်စရင်းတွေကြောင့် အလုပ်ရှုပ်နေလို့ မင်းတို့နဲ့ မကဲရတာတောင် ကြာပီ ညဘယ်ချိန်လဲ ပြောကွာ မသောက်ရတာကြာပီ ဦးနှောက်ဆေးချင်တယ်"

" အသစ်ဖွင့်တဲ့ UFO bar 7 နာရီ လောက်ဆုံမယ်"

                         ....... 🌸.......

" ဟျောင့် ထိုက် ငါတို့ ဒီမှာ "

Bar ထဲထိုက်ဝင်လာတာကို လှမ်းမြင်တဲ့ ကျောဇောက လက်ပြကာအော်ခေါ်လေသည်။ထိုက်လဲ လက်တစ်ချက်ပြန်ပြကာ သူတို့ရှိရာဝိုင်းသို့လာလိုက်သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Onde histórias criam vida. Descubra agora