• 에피소드 - 6 •

219 33 4
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

𖠗 - ❛ 아니 내 심장까지 조여오는데. ❜

[ ၆ ]

ဘာသာစကားတစ်ခုကို စ​လေ့လာပြီဆိုရင် အဆဲက​ သဒ္ဒါထက် ပိုတတ်လွယ်သလိုမျိုး ၊ ညစ်ညစ်ပတ်ပတ် စကားလုံးသုံးပြီး မွှန်ထူ​နေ​အောင် ဆဲဆိုတာတွေနဲ့ ၊

အယ်လ်ကို​ဟောလ် ပါဝင်မှု များပြားလှတဲ့ အရက် ၊
( ဒါမှမဟုတ် ) နီကိုတင်းဓါတ်​ ပြည့်ဝနေတဲ့ စီးကရက်ကို သောက်တာတွေက ..၊

နဂိုတည်းက သီးသန့် သင်ယူခဲ့တာမျိုး မရှိပဲနဲ့ကို ကာယကံရှင်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီးသား ဖြစ်​နေတာချည်းပါပဲ။

ကျောင်းခိုးလစ်တယ်ဆိုတာကလည်း အဲဒီလိုမျိုးပဲ။

ထယ်ဆန်းက ကျောင်းလစ်တာကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။

တစ်ခါ​လောက် လစ်မိတာနဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကို သူက အချိန်ပေးပြီး မ​ဖြေရှင်းချင်ဘူး။

အဲဒါက တစ်ခါ​လောက် စိတ်အလိုလိုက်ရင်း လုပ်လိုက်မိရင်ကိုပဲ ..၊

ကျောင်းအစည်းအ​ဝေးဆီ ဆင့်​ခေါ်ခံရပြီး ၊

တစ်ကျောင်းလုံးက ဆရာ ၊ ဆရာမ​တွေရဲ့ တံ​တွေးခွက်ထဲမှာ မျက်နှာငယ်နဲ့ ပက်လက်​​မျောတော့မလိုပဲ။

ဒါ​ပေမယ့် အဲဒီ​နေ့တုန်းက​​တော့ သူကိုယ်တိုင်ရဲ့ စိတ်လိုလက်ရမို့လို့ ထင်တယ်။ အီဟန့်အတွက်လို့ တွေးခဲ့တာလည်း ဟုတ်​ကောင်းဟုတ်နိုင်တယ်။

ခိုးထွက်ရတာက ထင်မထားလောက်​အောင်ကို လွယ်ကူလွန်းတာမှ နှစ်​ကောင်သား ငါးမိနစ်အတွင်းမှာတင် ကျောင်းဝင်းအပြင်ဘက်ကို အူတိအူ​ကြောင်နဲ့ ရောက်သွားခဲ့တာပဲ။

အဲဒီအချိန်မှာ အီဟန် ပြောလာတဲ့ စကားက ..။

မိ​သွားမှာ စိုးတဲ့ စိတ်နဲ့ တစ်ခုခုကို ခိုးလုပ်ရတဲ့ ရင်တုန်မှုဆိုတာ ဘာမှန်းတောင် ငါတို့ တကယ် မသိလိုက်ရဘူး တဲ့။

အဲဒီ စကားကို ကြား​တော့ ထယ်ဆန်းက ရယ်မိ​သေးတယ်။

ဒီလို လွယ်လွယ်ကူကူ ပြီးသွားတာကပဲ ပို​ကောင်းတာမျိုး မဟုတ်ဘူးလား ..။

𝖤𝖷 - 𝖨𝖳 [ 공푸르즈 ]Where stories live. Discover now