141.2.အ​ယောင်​ဆောင်တိုက်ခိုက်မှုကိုပြင်ဆင်

Start from the beginning
                                    

သို့သော်၊ ထော့ပါကျန်းသည်လည်း လီယွမ်ဟန့်၏အိမ်ထောင်ဖက်ကို ပြောင်းလဲပေးဖို့ကိစ္စကို သဘာဝကျကျပင် ငြင်းဆိုလိုက်သည်။ ထို့ကြောင့် ထိုက်ချီဓါး​ရေးပြပွဲအပြီးတွင် စတုတ္ထမင်းသား၏နှောင့်ယှက်မှုကို သူက အခိုင်အမာ တားမြစ်ကြောင်း​ပြောလာသည်။ ဒါ​ပေမယ့် စတုတ္ထမင်းသားက လီ​ဝေ့ရန်သည်လည်း သူနှင့် လက်ထပ်ရန် တိတ်တဆိတ်သဘောတူထားကြောင်း ပြောလိုက်သောအခါတွင် ထော့ပါကျန်း၏မျက်နှာသည် ပြောင်းလဲသွားတော့တယ်။

ထော့ပါကျန်းသည် ဧကရီ​၏ခွန်နင်းနန်းဆောင်မှ ထွက်လာပြီး ယုံအန်းဂိတ်တံခါးဝသို့ ရောက်သောအခါတွင် သူတွေ့ဆုံရန် မမျှော်လင့်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။

သူ့နှုတ်ခမ်းပေါ်မှ ပြေပြစ်​နေသော အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွားရ​တော့တယ်။

လီဝေ့ရန်!!!

လီ​ဝေ့ရန်သည် သူမ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လာသည်။

"အရှင့်သား"

ထော့ပါကျန်းက ပြုံးလိုက်သည်။ လန်းဆန်းသော နွေဦးလေညင်းကို လူတို့အား အထင်ကြီးစေသည့် သူ၏သာမာန်ဆန်စွာနူးညံ့သော အပြုံးဖြင့်

"အန်းဖိန်က ဘာလို့များ ဒီနေ့ နန်းတော်ထဲကို ဝင်လာတာများလဲ" 

ဟုတ်တယ်။ သူရဲ့ခံစားချက်တွေကို သူမက ၃ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ပြီးကတည်းက၊ အပြန်အလှန်တိုက်ခိုက်မှုက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာတစ်ခုလိုပင်။ ဒါပေမယ့် သူက နောက်ဆုံးအောင်နိုင်သူဖြစ်မယ်ဆိုတာကို သူမနားလည်အောင်လုပ်ပေးဦးမှာ။ နောက်ဆုံးတွင် သူမက ရှင်သန်ရဖို့အတွက် သူ့အပေါ် မှီခိုနေစေရမယ်!

သူ့မေးခွန်းကို ဖြေဖို့ မရည်ရွယ်ထားသဖြင့် လီဝေ့ရန်က သူ့ကို အေးဆေးစွာနှုတ်ဆက်ဂါရဝပြုပြီး သူ့ကိုဖြတ်​ကျော်ကာ လျှောက်လှမ်းသွားသည်။ ရှည်လျားသော နန်းတော်စင်္ကြန်လမ်းတွင် လီဝေ့ရန်၏ခြေသံများသာ ကြားနေရသည်။ ခြေသံတို့၏အသံသည် တဖြည်းဖြည်း ပြန့်ကျဲသွားပြီး သူ့နှလုံးသားကို တစ်ချက်ချင်း ခေါက်လိုက်သည့်အလားပင်။

လီ​ဝေ့ရန် (ဒုတိယတွဲ) ZawgyiWhere stories live. Discover now