အပိုင်း ၇

Start from the beginning
                                    

"အွန်း ဘာဖြစ်လို့လဲ ကွ

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး လာ သွားမယ်ရေ

ဂျီမင်' လက်လေးတွေကို သူ့လက်သေးလေးတွေနဲ့ ဆွဲကိုင်ပီး သူ့ ဆရာဆီအရောက် ပို့ပေးနေသည့် ကောင်ကလေးဟာ ပါးဖောင်း"လေးတွေနဲ့ ချစ်စရာအလွန်ကောင်းသည်။ ဒီကလေးတွေက သူတို့လို မိဘ မဲ့လေးတွေမို့ ဂျီမင်' သနားမိသည်။ ကလေးလေးတွေက အကုန်လုံး ချစ်စရာလေးတွေဖြစ်သည်။ ဂျောင်ကု' ဆိုသည့်ကောင်လေးရဲ့ဖြူစင်တဲ့ စိတ်ထားလေးကို တော့ ဂျီမင်' သဘောကျမိတာအမှန်ပါ။
ဒါကြောင့်ပဲ ထိုကောင်လေးနှင့် သူ့ ရင်းနှီးဖြစ်ခဲ့တာ။ ဂျီမင်' ဟာ လွယ်လွယ်နဲ့ လူ'တစ်ကာကိုယုံလွယ်လေ့မရှိတဲ့ လူ'ပါ။

ကလေးငယ်ရဲ့ စကားတွေက ဂျီမင်ရဲ့ အသိစိတ်တစ်ချို့ကို နှိုးဆော်ပေးခဲ့သလို ဖြစ်သွားတယ်။ အမှန်ဆို နှစ်ယောက်သားဆက်ဆံရေးက မိတ်ဆွေအဆင့်ရင်းနီးနေယုံလောက်ပဲလေ။ ဘာလို့ သူ့အကြောင်းတွေကို လိုက်တွေးပီခံစားနေရတာလဲ။ သူ ဂျောင်ကုအပေါ် မရိုးသားတဲ့စိတ်တို့နဲ့ ယိုင်းရိုင်နေမိလေသလား။ သဝင်တိုနေမိတာလား မပြောတက်။

ကိုယ်ဘက်က သူအပေါ် မရိုးမသားစိတ်နဲ့တိန်းညွန့်နေရင်တောင် သူကရော။ သေချာတွေးကြည့်ရင် ကိုယ်က သူ့အကြိုက်မှမဖြစ်နိုင်ပဲ။ သူလို့အပစ်ပြောစရာမရှိတဲ့လူတစ်ယောက်အတွက် သူနဲ့လိုက်ဖက်တဲ့မိန်းမချောလေးတွေက အများအပြားရှိနေတာပဲဟာ။ ကိုယ်ကသူနဲ့ မျိုးတူယောက်ကျားလေးတစ်လေ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် သူကရော သူ့လိုမျိုးတူယောက်ကျားတစ်ယောက်ကို သဘောကျစိတ်ဝင်စားမှတဲ့လား။ မဖြစ်နိုင်ပါဘူး။

အားငယ်စိတ်နဲ့အတူ ဂျီမင် အတွေးများယောက်ယှက်ခက်နေမိတယ်။ တွေးရင်လဲ စိတ်ညစ်စရာတွေမို့ ဂျီမင် ဆက်ပီးမတွေးတော့ပဲ ထိုတွေးလက်စများကိုပါ ရပ်ပစ်လိုက်ပီး ကလေးလေးတွေနဲ့သာ စကားတွေပြောနေလိုက်မိတယ်။ သူ ဘာကိုမှဆက်မတွေးချင်တော့ဘူး။ မဖြစ်နိုင်တဲ့ အရာမို့ မစခင်ကပဲ အချိန်မီ ရပ်တန့်လိုက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် အရမ်းကြီးမနာကျင်ရတော့ဘူးပေါ့။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now