• 에피소드 - 5 •

Start from the beginning
                                    

​ဒါကို လူ​တွေ ပိုသိလာတဲ့အချိန်မှာတော့ အစ်ကို့ကို ကျောင်းမှာ မြင်ရတာက တဖြည်းဖြည်း ရှားသထက် ရှားလာတယ်။

အရင်က လုံးလုံး သတိမထားမိဘူးဆိုတာကလည်း အစ်ကိုက တမင် ရည်ရွယ်ပြီး ဖုံးကွယ်လိမ်ညာထားလို့ မဟုတ်ပဲ ၊

သူတို့ကသာ အစ်ကို့အ​ကြောင်းကို အဆုံးစွန်အထိ စိတ်ဝင်စားမှု မရှိခဲ့လို့ပါပဲ။

​နောက်ပြီး အစ်ကိုဆန်း​ယော့ ကျောင်းမတက်တဲ့ ရက်​တွေများလာတယ်ဆိုတာ သူ့ဘာသာသူ အလုပ်မအားလို့ပဲ ဖြစ်ဖြစ် ၊ အချိန်မရလို့ပဲ ဖြစ်ဖြစ်။

ကိုယ်​ရေးကိုယ်တာကိစ္စ​ကြောင့်လည်း ဖြစ်နိုင်​ပေမယ့် ၊

တ​ထွေ​ထွေ ၊ တမှိုင်မှိုင်နဲ့ အီဟန်က​တော့ သူ့​ကြောင့်ရယ်လို့ တွေးမိ​ရင်လည်း ​တွေးမိ​နေလိမ့်မယ် ..။

• • •

၁၇ နှစ်သား ဟန်ဒုံမင်ရဲ့ တွေး​ခေါ်နိုင်မှု အစွမ်းကုန်နဲ့ ဦး​နှောက်ကို အသုံးပြုရရင် ၊

အစ်ကိုက အီဟန့်ကို ငြင်းလိုက်ပြီ ဖြစ်တဲ့အတွက်။
အီဟန်က သူ့​ဘေးမှာ လာထိုင်​နေပြီ ဖြစ်တဲ့အတွက်။

သူနဲ့ အီဟန်ကြားမှာ အရင်ကထက် နီးစပ်လာနိုင်ပြီလို့ အထင်မှားပြီး တွေးမိခါနီး ဆဲဆဲ​လေးမှာပဲ ..။

အီဟန်ရဲ့ ပြောင်းလဲမှုဟာ နီးစပ်ဖို့​ နေ​နေသာသာ သူနဲ့ ပို​ဝေးရာကို အရှိန်ပြင်းပြင်း လွင့်ထွက်သွားသလို ခံစားရ​စေတယ်။

ဒီ​ရက်ပိုင်းမှာ အီဟန်က အရင်လို​တောင် ဟန်မ​ဆောင်နိုင်​တော့ပဲ ​ဆရာ့ ရှေ့မှာတင် မထီမဲ့မြင်ပုံစံနဲ့ စာသင်ခန်း အပြင်ဘက်ကို အမြဲလိုလို ထိုင်ငေးတတ်​နေပြီ။

တခြားလူတစ်​ယောက်လို ငြိမ်သွားတဲ့ အီဟန်ကို ကြည့်ရင်း ဘယ်လိုမှ အလိုမကျနိုင်တာလည်း ထယ်ဆန်းရဲ့ ကုမရတဲ့ စိတ္တဇတစ်မျိုးလို့ ထင်တာပါပဲ။

ပိုဆိုးတဲ့ တစ်ချက်က​တော့ ဆရာ သတိထားမိသွားလို့ အဆူခံရတိုင်းမှာ ..၊

သူ့ရဲ့ တုံ့ပြန်ချက်က ဘယ်သူ ဘာ​ပြော​ပြော ခေါင်းတညိတ်ညိတ်နဲ့ ဘယ်အပြစ်ကိုမဆို ကြည်ကြည်ဖြူဖြူ ခံယူနိုင်ပါတယ်ဆိုတဲ့ အပြုံးမျိုး ဖြစ်​နေတာပဲ။

𝖤𝖷 - 𝖨𝖳 [ 공푸르즈 ]Where stories live. Discover now