"ဟူးးးး ဟဲ အခုမှပဲ ....ဟူးးး မောလိုက်တာ ..

ကျောင်းစောင့်ဦးလေးကြီး တံခါးကို လုံးလုံးမပိတ်ခင် တစ်စက္ကန့်အလိုမှာ ကျောင်းအတွင်းထဲကို ပြေးဝင်နိုင်လိုက်တာမို့ ရှောင်းကျန့် တစ်ယောက် အခုမှ အပူလုံးကြီးချသွားတော့သည် လူမှာလဲ ဟောဟဲစိုက်နေပြီး ချွေးတွေကပါ ထွက်လို့ပင် ။

ကျောင်းသန့်သင်ခန်းမှာ မျက်နှာက ချွေးအနည်းငယ်ကို သုတ်လိုက်ပြီး စာသင်ခန်းထဲ ဝင်သည် ။

"သာ့ကော မင်္ဂလာပါ .."

"သာ့ကော မင်္ဂလာပါ .."

"သာ့ကော မင်္ဂလာပါ .."

ထိုစကားသံဟာ ကျောင်းသားတစ်ချို့ထံက ဖြစ်သည် ရှောင်းကျန့် ဟာ တစ်ခြားနေရာမှာသာ မတော်ရင်မတော်မယ် စာနဲ့ ကျောင်းသားတွေကို ထိန်းတဲ့ နေရာမှာတော့ အတော်လေး တော်သည်။

အတန်း ခေါင်းဆောင်ဖြစ်တဲ့ ရှောင်းကျန့် ကို ကျောင်းသားအတော်အများက ချစ်ကြောက်ရိုသေကျသည် ဒါပေမယ့် တစ်ချို့ကတော့ ဒီလိုမဟုတ်ခြေ ချမ်းသာတဲ့ အသိုင်းအဝိုင်း က ကျောင်းသားတွေကတော့ ဆင်းရဲတဲ့ကျောင်းသားတွေကို အနိုင်ကျင့်လေ့ရှိသည်။

"ရှောင်းကျန့် ....ဒီနေ့လဲ နောက်ကျပြန်ပြီ...

"မားမားဆီ သွားလိုက်လို့ပါကွာ ...

"ထားပါတော့ ဒီနေ့ ငါ့တို့အခန်းကို ကျောင်းသားသစ် ရောက်မယ်တဲ့ သူဌေးသားလေး ဆိုပဲ ...

သူဌေးသား ဆိုတာနဲ့ ရှောင်းကျန့် တွေးမိလိုက်သည် ဒီကောင်လဲ ကျွင်းရှောင် တို့လို ဘော်ကျော့ ကောင်ပင် ဖြစ်မည် ဟုပင်။

"ဆရာကို နှုတ်ဆက်ကျ"

အတန်းထဲ ဆရာဝင်လာသည်နဲ့ အားလုံးဟာ မက်တပ်ရပ်လို့ ဆရာကို  နှုတ်ဆက်ကျသည်။

"ကဲ ထိုင်ကျ ထိုင်ကျ ဆရာဒီနေ့ မင်းတို့ကို ကျောင်းသား သစ်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ...သား ဝင်လာခဲ့လိုက်

ဆရာဟာ အပြင်ဘက်က ကျောင်းသားသစ်ကို လှမ်းခေါ်လိုက်ပြီး ဘေးမှာ မက်တပ်ရပ်ခိုင်း လိုက်သည်။

"ကဲသား မိတ်ဆက် လိုက်ပါအုံး"

"မင်္ဂလာပါ ကျွန်တော့်နာမည်က ဝမ်ချန်ယီပါ

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Where stories live. Discover now