Characters

24.9K 210 3
                                    

Top - ပြည့်လျှံ
Bottom(intersex) - ရှိန်းစံ

သူကြီးသား ပြည့်လျှံ နှင့် ဒွိလိင် ရှိန်းစံလေးတို့ဟာ
လက်ထပ်ထားတာ သိပ်မကြာသေးသည့်
ပူပူနွေးနွေး အကြင်လင်မယားများ ဖြစ်ကြလေသည်။
သာယာကုန်းရွာလေးတွင် ပြောင်း ၊ ပဲ၊ နှမ်း ၊စပါးတို့ကို
ရာသီအလိုက် စိုက်ပျိုးကြပြီး လင်မယားနှစ်ယောက်
လယ်ယာလုပ်ငန်းအား
'မောင်တစ်ထမ်း မယ်တစ်ရွက်' ဆိုသည့်အတိုင်း
အတူလုပ်ကိုင်ကြလေသည်။


Top - ပြည့်လျှံ

အသက် 23နှစ်အရွယ်၊ ယောက်ျားပီသ၍
တောင့်‌တင်းထွားကြိုင်း သန်မာသော ခန္ဓာကိုယ််
နှင့် အရပ်အမြင့်မှာ ခြောက်ပေ နှစ်လက်မ ရှိသည်။
အပူပိုင်း‌ဒေသမှာနေထိုင်သည့်  အညာသားဖြစ်သည့်
အလျောက် အသားအရည်မှာလည်း ညိုစိမ့်စိမ့်ဖြင့်
စိုပြေသည်။ သူကြီးသားဖြစ်သောငြား
‌မိဘ၏ လယ်ယာများကို ဦးစီးလုပ်ကိုင်ပြီး
လက်ကြောတင်းကာ မိသားစုကို ဦးဆောင်နိုင်သည့်
အမျိုးကောင်းသား တစ်ဦးဖြစ်လေသည်။
ရပ်ရွာတွင်းကိစ္စအဝဝကိုလည်း တာဝန်ယူ
ဆောင်ရွက်ပေး‌နိုင်သော အာဏာရှိသည့်
ကာလသားခေါင်းဆောင် လည်း ဖြစ်သည်။
ထက်မြတ်သော လူငယ်တစ်ယောက်ဖြစ်ကာ
ရိုးသားပြတ်သား၍ စကားကို ဘွင်းဘွင်းရှင်းရှင်း
ပြောတတ်သည်။

Bottom (intersex)- ရှိန်းစံ

အမြဲလိုလို မြန်မာ ရင်ဖုံးဝမ်းဆက်ကလေးကို
ကျော့ရှင်းစွာဝတ်ဆင်ပြီး အိ‌န္ဒြေသိက္ခာကြီးသော
မိန်းမပျိုကလေးကဲ့သို့ နေထိုင်သည်။
လိင်အင်္ဂါနှစ်မျိုးပါသည့် ဒွိလိင် ဟု မိဘများနှင့်
သူကြီးမိသားစုသာသိ၍ ငယ်စဉ်ကတည်းက မိန်းကလေးလိုပဲ နေထိုင်စေသည်။
အညာသူလေးလို့ မထင်ရအောင်ပင်
အသားအရည်လေးမှာ ဖြူ‌ဖွေးဝင်းမွတ်နေသည်။
(တချို့ အညာသူလေးတွေက ဝါညိုလေးတွေများလို့
ထည့်ရေးထားတာပါနော်) ။ လှပနက်မှောင်ကာ
တင်ပါးအောက်ထိ ရှည်သည့် ဆံကေသာ
အထူကြီးအား ကျစ်ဆံမြီးကျစ်ထားလေ့ရှိသည်။
ခန္ဓာကိုယ်အချိုးအစားသည်လည်း မိန်းမ‌ပျိုလေး
တစ်ယောက်ကဲ့သို့ ရင်သားအစုံသည် အရွယ်အစား
ကြီးကာ တင်ပါးဖွံ့ထားသော လုံးကြီးပေါက်လှ
အချိုးအစားကို ပိုင်ဆိုင်ထားသေးသည်။
ရွာ၏ အလှပဂေး ကွမ်းတောင်ကိုင်ဖြစ်ကာ
ကာလသားများ၏ အသည်းနှလုံးကို
ဖမ်းစားထားသူလေးဖြစ်သည်။

______________________________________

6.10.23

SweetWhere stories live. Discover now