Ep8🖤

679 47 7
                                    


နောက်တစ်နေ့ မနက်ကျတော့အရာအားလုံးအဆင်ပြေတယ်လို့ ဆိုပေမယ့် အဆင်မပြေတာက ဒရစ်နဲ့ဂျွန်

ဂျွန်လည်း အခန်းကနေ ဘယ်မှ မသွားချင်ပေမယ့် သခင်လေးအခန်းထဲကို လာလိုက်သည်
အခန်းထဲရောက်တော့ နှစ်ယောက်လုံး စိတ်မကြည်နေတာကြောင့် စကားမပြောပဲ ဆိုဖာ မှာထိုင်နေကြသည်
ထို့နောက် ဂျွန်ကပဲမနေနိုင်တော့ကာ

" ကျွန်တော် သိချင်တာရှိလို့ ..",

"ပြော.."

ဒရစ် ဖုန်းကိုသဲကြီးမဲကြီးကြည့်ရာကနေ ပြင်ပြီး စကားလက်ခံလိုက်ရော
ဂျွန်လည်း အားတက်သရော နဲ့ ဒရစ်ကိုကြည့်ကာ

" သခင်လေး ချစ်ဖူးလာ..?"

ဒရစ်လည်း ဂျွန်ကိုဂြိုလ်ကြည့်ကြည့်ကာ

" မင်း ငါနဲ့နေလာတဲ့ သက်တမ်းမှာ ငါရည်းစားထားတာတွေ့ဖူးလို့လာ..?"

"ဟုတ်သား  ရည်းစား က ထားပါ ဒါနဲ့ နမ်းဖူးလာ.."

"အဟွတ်..အဟွတ်..အဟွတ်.."

" ဘာ ဘာဖြစ်တာလဲသခင်လေး အဆင်ပြေလာ.."

ဂျွန်ရဲ့ စကားကြောင့် ရေမသောက်ပဲ တံတွေးတောင်သီးသွားတော့တယ် ရည်းစား မထားဖူးပါဘူးဆိုမှ နမ်းဖူးလားဆိုတော့ ဒရစ်လည်း ဖြေစရာမရှိ

" မင်း မင်း ဘာပြောတယ်.."

".....",,

ဒရစ်လည်း ဂျွန်ကို စောင်းကြည့်ကာ မျက်လုံး မေးခွန်းတွေ ထုတ်လျက်

" ကျွန်တော် သိချင်တာ အချစ်က ဘယ်လိုမျိုးလဲ ပြီးတော့ ဆက်ဆံရေးတိုင်းက အချစ်ဆိုတာလိုလို့လားပေါ့ အဲ့တာ သခင်လေးများသိမလားလို့.."

ဒရစ်လည်း အချစ်ရေးဆို ဝေးလာဝေးအောင် ကွာဝေးတာကြောင့် သူလည်းမသိ
အချစ်ကြောင်းကို ယောက်ကျားလေးနှစ် ယောက် မျက်နာချင်းဆိုင်ပြီး ဆွေးနွေးတာတော့ ကြည့်ရတာ နည်းနည်း ကြောင်စီစီနိုင်ပေမယ့် မလွဲသာ

ပြီးတော့ နှစိယောက်လုံးက အသက်သာရာနဲ့ချီပြီးရှိတာယခုထိ အချစ်ကို ဘာမှန်းမသိသေးတာကြောင့်ပိုတိုင်ပတ်နေတော့တယ်

" ငါလည်း မသိဘူး မင်းသိချင်ရင် သခင်ကြီးကိုသွားမေး.."

"ဟာ သခင်လေးကလည်း.."

Vampire  Manner 〘Complete  〙Where stories live. Discover now