မောင့်ရဲ့ပျိုး (8)

Începe de la început
                                    

"ဒါပေမဲ့မဖြစ်နိုင်ဘူး!!!.."

ပျိုးဝဠာပြောလာတဲ့စကားတွေကြောင့်ဝမ်းသာသွားရသည်။ သူက..ယောက်ကျားလေးဆိုရင်တောင်ချစ်ပေးနိုင်ပါသည်တဲ့။ဒါပေမဲ့ ဒါဟာမဖြစ်နိုင်တဲ့ဇာတ်လမ်းတခုပဲ၊ကျေးဇူးတရားဆိုတဲ့ချည်နှောင်မှုတွေဝဠာ့ရဲ့မိသားစုကပျိုးအပေါ်အရမ်းကောင်းပေးတာကြောင့် ကျေးဇူးမကန်းချင်ပေ။သူတို့ရဲ့တစ်ဦးတည်းသောသားဟာယောက်ကျားတစ်ယောက်နှင့်လက်တွဲမည့်ကိစ္စကိုသဘောမတူနိုင်မည်မဟုတ်။ဒါ့ကြောင့်မစတင်ခင်ကတည်းကဇာတ်သိမ်းထားတာပိုကောင်းပါလိမ့်မည်။

"မင်းနဲ့ငါမဖြစ်နိုင်ဘူး!...အဲ့လိုပဲသိထားပြီးဒီနေ့ကိစ္စကိုဘာမှမပြောခဲ့သလိုပဲငါမှတ်ထားမယ်။ငါအရင်ပြန်နှင့်တော့မယ်!.."

ဒီတစ်ခါတော့ဝဠာမဆွဲထားမိတော့ပါ၊ပျိုးအတွက်လည်းစဉ်းစားရန်အချိန်လိုအုံးမည်ထင်သည်။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဒီနေ့နိုင်ငံခြားကိုတင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေရဲ့ဝင်ငွေထွက်ငွေတွေဟာသိန်း၂၀လောက်ကွာဟနေတာကြောင့်စေရာခေါင်းခဲနေရသည်။အရင်ကဘယ်အလုပ်မဆိုကိုယ်တိုင်ကိုယ်ကျလုပ်မှစိတ်တိုင်းကျတက်ပေမဲ့တဖက်အလုပ်ကလည်းမျက်နှာလွှဲထားလို့မရတာမို့ မန်နေဂျာနှင့်သာလွှဲထားလိုက်ခြင်းဖြစ်သည်။ထိုစဉ်......

ဒေါက်!!!..ဒေါက်!!

"ဝင်ခဲ့ပါ"

ခြေသံတရှပ်ရှပ်နှင့်ဝင်လာသည့်အသံကို‌ေစရာကြားပေမဲ့ဘယ်သူဘယ်ဝါဆိုတာမော့မကြည့်ဖြစ်သေး။မျက်စိရှေ့သို့ရောက်လာတဲ့ကော်ဖီခွက်ကိုမြင်မှကြည့်လိုက်တဲ့အချိန်မှာသက်ပြင်းသဲ့သဲ့ချလိုက်သည်။

ဟူး!!...

"ထပ်ပြီးတော့မင်းပဲလား!.."

စေရာ့မျက်စိရှေ့ကလူသည်မူပိုင်သွားတက်လေးများပေါ်အောင်အစွမ်းကုန်ရီပြလိုက်‌ေတာ့သည်။ထိုကောင်လေးသည်စရောက်တဲ့နေ့ကစလို့အတွင်းရေးမှူး..မငယ်လာပို့နေကျကော်ဖီအားမငယ်မအားလို့သူ့ကိုလာပို့ခိုင်းသည်ဆိုကာနေ့တိုင်းမျက်စိနောက်အောင်ပို့နေခြင်းဖြစ်သည်။

မောင့်ရဲ့ပျိုး [Complete ]Unde poveștirile trăiesc. Descoperă acum