ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

ယင်းကျောင်းက တခစ်ခစ်ရယ်မောလိုက်သည်။

" မင်းကလည်း မသိတဲ့သူတွေကျနေတာပဲ..."

ကျင်းစစ် မျက်လွှာချလိုက်မိသည်။

" လူဖြတ်စီတာတော့ မကောင်းဘူးလေကွာ..."

ယင်းကျောင်းမှာ ကြက်သေသေသွားရသည်။

'ဒီကပ်သီးကပ်သက်ကောင်လေးကတော့ တကယ်ကိုခေါင်းမာတဲ့သူပဲ...လူဖြတ်စီလို့ရရဲ့သားနဲ့ မစီဘူး...မုန့်အကျန်ဆိုလဲ လုံး၀မစားဘူး...'

"အင်းပါ..."

သူ့ကိုပြောလို့ရမည်မဟုတ်မှန်း ယင်းကျောင်းကသိသည်။ ထို့ကြောင့်ဆက်၍ကြိုးစားမ‌နေတော့ဘဲ ပြောလိုက်သည်။

" ဒီမှာလူအရမ်းများတယ်... မင်းမှာထားတာတွေရရင်လဲ ခုံရမယ့်ပုံမပေါ်ဘူး... ငါ့ခုံမှာပဲလာထိုင်မလား..."

ကျင်းစစ်က ခဏတာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

" Ok... "

ယင်းကျောင်းက ပြုံးကာလှည့်ထွက်သွားသည်။

ဟယ့်ကျိုးမှာယူထားသော ရေဘဝဲကွင်းကြော်၊ အမဲအာလူးပြုတ်ချက်၊ ပုဇွန်ချဉ်ငံစပ်နှင့် ရှန်ဟိုင်းကြက်သွန်ဖြူများအား ကူညီသယ်ပေးခြင်းခံရသည်။

ပြည့်ဖောင်းသောခန္ဓာကိုယ်၊ လက်ချောင်းတိုတိုလေးများနှင့် ထမင်းပန်းကန်၂ပန်းကန်အား မနိုင့်တနိုင်သယ်ယူနေသော သူသည် တန်းစီနေသည့်လူအများအရှေ့ တောင်ကြီးသဖွယ် ပိတ်ရပ်ထားသကဲ့သို့ဖြစ်နေ၏။

အနောက်တွင်ရှိနေသည့် ကျောင်းသားများသည် ဒေါသထွက်နေသော်ငြား မပြောရဲကြသဖြင့် အမြန်ဆုံး ဟယ့်ကျိုးထွက်သွားနိုင်ရန်သာ စိတ်ထဲတွင် ကြိတ်ဆုတောင်းနေကြသည်။

ရှည်လျားသော ယင်းကျောင်း၏လက်နှစ်ဖက်သည် ဟယ့်ကျိုးဆီသို့အလွယ်တကူရောက်ရှိသွားကာ ကူ၍သယ်ပေးလိုက်သည်။

"လာ...သွားစို့..."

ပုံမှန်စားပွဲများသည် လူ၄ဦးစာအတွက်သာဖြစ်ပြီး ပိုကြီးသောစားပွဲများသည်သာ ကန်တင်း၏ထောင့်နေရာများတွင်ရှိသည်။

၎င်းတို့သည်လည်း ၄ဦးသာဖြစ်သည့်အတွက်ကြောင့် ပုံမှန်စားပွဲတွင် ထိုင်ရန်အဆင်ပြေသည်။ ဟယ့်ကျိုးသည် နီးဆက်ရာတွင်ထိုင်ရန်ပြင်လိုက်သော်လည်း ယင်းကျောင်းက စားပွဲအကြီးဆီသို့ဆက်သွားနေသည်ကို တွေ့လိုက်သည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now