ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

[ဖန်ချန်းချန်း]အကိုကျောင်းက ကျင်းစစ်ကို ချစ်မိသွားတာများလား..

[အန်ကယ်ဟယ့်]….

[ကျန့်ချွယ်ကမှားနေတယ်]လောင်ဖန်..ငါမင်းအတွက် နောက်နှစ်ချင်မင်ပွဲတော်မှာ အမွှေးတိုင် ထွန်းထားပေးမယ်နော်..ငါမင်းကို သတိရနေမှာပါ..

[အန်ကယ်ဟယ့်]နွေဦးက ရောက်လာတော့မယ်..အကိုကျောင်းလည်း မနားနေနိုင်တော့ဘူးထင်တယ်..

[ကျန့်ချွယ်ကမှားနေတယ်]အချို့က နွေဦးမှာဆိုပေမဲ့ အခုဆောင်းဦးက မကုန်ဆုံးသေးဘူး..

[ကျောင်း]မင်းတို့ အားလပ်ချိန်မှာ အေးအေးဆေးဆေးမနေချင်တော့ဘူးလား..လောင်လျိုကို တိုင်လိုက်ရမလား..

ဟယ့်ကျိုးက လန့်ဖြန့်လွန်း၍ သူ့ဖုန်းပြုတ်ကျတော့မလိုပင်ဖြစ်သွားကာ လျင်မြန်စွာထိုင်ချလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်၏။

ကျန့်ချွယ်က အလိုအလျောက် ဖုန်းကိုသူ့ခုံအောက်သို့ ပစ်ထည့်လိုက်သဖြင့် ဘန်း ဆိုသောအသံပင်ဖြစ်ပေါ်သွားသည်။

ဖန်ချန်းချန်းက အခုချိန်ထိ သူ့မျက်နှာ၌ အမူအရာကင်းမဲ့နေဆဲဖြစ်သော်လည်း သေချာကြည့်ပါက သူ့မျက်တောင်များတုန်ခါနေသည်အား တွေ့နိုင်ပေသည်။

ယင်းကျောင်းက နှာမှုတ်လိုက်ပြီး စာရိုက်လိုက်သည်။ …

[ကျောင်း]စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ကြ..  မင်းတို့ကို လွန်ခဲ့တဲ့နှစ်ရက်က လုပ်ခိုင်းထားတာတွေ ဘယ်လိုဖြစ်သွားပြီလဲ..

ဤကိစ္စကိုပြောလာချိန်၌ ဟယ့်ကျိုးက သူ၏စိတ်မချမ်းသာဖြစ်နေသည့်အမူအရာကို ဖယ်လိုက်သည်။ သူက ခဏမျှစဉ်းစားလိုက်ပြီး အနောက်ပြတင်းပေါက်မှ စင်္ကြံလမ်းဘက်ကိုကြည့်လိုက်၏။ သူက ဆရာလျိုလာမည့်ပုံ မပေါ်သေးကြောင်း တွေ့လိုက်ရတော့ ယင်းကျောင်းဘေးသို့ ရွရွလေးတိုးလာကာ တီးတိုးပြောလိုက်သည်။

”ဒါက နည်းနည်းတော့ခက်တဲ့ပုံဘဲ..ငါမင်းကို တိုက်ရိုက်ပဲပြောမယ်..”

ယင်းကျောင်က မျက်မှောင်ကျုံ့လိုက်၏။

”ဘာဖြစ်လို့လဲ..”

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)On viuen les histories. Descobreix ara