~~~

" မောလာပြီ "

ဘယ်ဆီဘယ်၀ယ်မှန်းမသိပြေးနေရတာ မောလာပြီဖြစ်သည်။ သူ့လက်ထဲမှပစ္စည်းက သေနတ်တစ်လက်မှန်းသိသော်လည်း မည်သူရဲ့သေနတ်မှန်းလည်းသူမသိပေ။ သူသိတာက ထိုသေနတ်ကိုမှာယူထားသည့်ပိုင်ရှင်ထံသို့သာပို့ပေးရမည်ဆိုတာပင်။

၀ူး!!

တံတားအောက်မှရုတ်တရက်ထွက်ပေါ်လာသည့် ဆိုင်ကယ်တစ်စီးက ထိုလူ့အရှေ့သို့အရှိန်ပြင်းစွာဖြင့်ပိတ်ရပ်လိုက်တာမို့ ခန္ဓာကိုယ်ပင်လမ်းမပေါ်ယိုင်ကျသွားရ၏။ ဒါကရော ဘယ်ကကောင်လဲ။စိတ်ထဲတွင် အလိုမကျစွာမေးခွန်းထုတ်ရင်း သူ့လက်ထဲမှသေနတ်ဘူးအားမလွှတ်တမ်းပိုက်ထားလိုက်၏။ ဒီထက်ပြေးရင်လည်း မလွတ်နိုင်မှန်းသိတာကြောင့် နေရာတွင်သာခပ်ကြောင်ကြောင်ဖြင့် ဆိုင်ကယ်ပေါ်မှလူအားအကဲခတ်နေမိသည်။ ဆိုင်ကယ်ပေါ်မှခြေတစ်ဖက်ထောက်ထားသည့်ခြေတံရှည်ပိုင်ရှင်က သူ့အားဆိုင်ကယ်ဦးထုပ်အတွင်းမှ စူးစိုက်စွာကြည့်နေမှန်းကောင်းစွာခံစားရသည်။သို့ပေမယ့်ထိုHelmetအောက်တွင်ဖုံးကွယ်နေသည့် မျက်နှာကိုတော့ကောင်းစွာမမြင်ရပေ။

" မင်...မင်းကရောဘယ်သူလဲ "

တုန်တုန်ယင်ယင်ဖြင့်မေးလိုက်တော့ ဆိုင်ကယ်ပေါ်မှအမျိုးသားက သူ့ထံသို့ဦးတည်လာသည်။ အနက်ရောင်ဂျာကင်အင်္ကျီနှင့်အောက်ခံစွပ်ကျယ်အဖြူက ထိုအမျိုးသားနှင့်မလိုက်ဖက်တာမျိုးမဟုတ်။
ခေါင်းပေါ်မှ Helmetကိုချွတ်လိုက်တော့ ခပ်မှေးမှေးမျက်၀န်းတွေနှင့်အောက်သို့စင်းကျနေသည့်မျက်တောင်ရှည်တွေအား ထင်ရှားစွာမြင်လိုက်ရသည်။ ဘေးအပြောင်ရိတ်ထားသည့်ဆံပင်ငုတ်စိအပေါ်မှ ကပိုကရိုကျနေသည့်ဆံပင်ရှည်တွေက ထိုလူ့မျက်ခွံပေါ်သို့အနည်းငယ်နှောင့်ယှက်နေသယောင်ရှိ၏။ထိုလူ့လက်တွင်လည်း မကြာခင်ကမြင်ခဲ့သည့်Samဆိုသောသူနှင့် ဆင်တူလက်ပတ်နာရီရှိနေတာဖြစ်သည်။

" မင်းကခုနကငါတွေ့ခဲ့တဲ့ အပေအတေကောင်နဲ့တစ်ဖွဲ့တည်းပဲလား "

စိတ်အလိုမကျစွာမေးခွန်းထုတ်လိုက်တော့ တစ်ဖက်ကောင်ကသူ့ပါးစောင်အားလျှာနဲ့ထိုးကာ ထိုလူ့အနောက်သို့မျက်စပစ်ပြလိုက်၏။မျက်စပစ်ပြရာနေရာသို့လှည့်ကြည့်လိုက်တော့ ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့Samဆိုသောသူက ပေကပ်ကပ်ဖြင့်လက်ထောင်ပြသည်။ နှစ်ယောက်ကြားတွင် ချောင်ပိတ်မိနေပြီဖြစ်၍လွတ်လမ်းမရှိတော့ပေ။

HANARY(S1+S2) Where stories live. Discover now