"ဘာလဲ အိမ်က ဟာတွေနဲ့မတည့်ဘူးလား "

"မဟုတ်ပါဘူး ဒါနဲ့ ဦးလေးက အလုပ်မရှိဘူးလား ပစ္စည်းရော မလဲရဘူးလား "

"ဒီနေ့နားရက်ကွ မင်းလိုက်ချင်ရင် မနက်ဖြန်လိုက်ခဲ့လေ "

"ဟုတ် "

"အလှလေးတွေရှိတယ်ပျော်မလား ဘာပဲပြောပြော ငါ့တူ မင်းလဲ အသက်ပြည့်ပြီးပြီလေ "

"ဦးလေးဆီက ဟာတွေလား "

"အေးပေါ့ကွ အခုသုံးယောက်တောင်အသစ်ရောက်တယ် "

"တော်ပါဗျာ ကျနော့်ကိုမြင်တာနဲ့ ခွေးတွေသခင်ဆီကအစာတောင်းသလိုပဲ ငမ်းငမ်းတက်နေတာ ဘယ်လိုဟာတွေမှန်းမသိဘူး ချွဲနွဲ့နေတာ ရွံစရာ"

"ငါ့တူကတော့ကွာ တကယ့်စံပဲ "

"ဟူးးးးကျစ် !!"

ရှောင်ကျန့် ‌ပိတ်ရက်မှာ ဦးလေးဆီရောက်နေခြင်း စိတ်ညစ်တာကြောင့်လဲပါသည် စိတ်ညစ်တဲ့အခါရှောင်ကျန့်က သူများတွေလိုဆေးတော့မသုံး ပစ္စည်းလဲတာနောက်လိုက်ဖြစ်သည် ဦးလေးအလုပ်တွေလိုက်ကူဖြစ်သည် တိုက်ခိုက်ပြီးရဲလက်က ထွက်ပြေးနေရရင် စိတ်ပင်ပန်းတာလျော့ကျသွားသည် အလုပ်ပဲခေါင်းထဲရှိကာ စိတ်ညစ်စရာတွေမတွေးမိတော့ ခက်တာက ဦလေးနဲ့စကာပြောနေရင်းဘောင်းဘီအိပ်ထဲကထွက်လာတဲ့ကြယ်စက္ကူလေး ကြောင့်ပိုပြီး စိတ်အနှောက်ယှက်ဖြစ်သွားရကာ ကျစ်တစ်ချက်သက်မိတယ်

"ဘာဖြစ်နေလဲ ငါ့တူ"

"လူတစ်‌ယောက် အတွေးထဲကြီးစိုးနေလို့ "

"ဘယ်သူလဲ ကွ မာလီယာ လား "

"တောက် !! ဦးလေး သူ့နာမည်မခေါ်စမ်းပါနဲ့ကျက်သရေတုန်းလွန်းလို့ "

"ဟ မင်းပဲ တစ်ချိန်က.... "

"ပြီးခဲ့ပြီဗျာ စိတ်ရှုပ်လိုက်တာ အပြင်သွားဦးမယ် မားဖုန်းဆက်ရင်ပင်ပန်းလို့အိပ်နေပြီပြောပေး "

"အေး "

ထထွက်သွားသော တူတော်မောင်က မာလီယာဆိုတဲ့ကောင်မလေးနဲ့ပတ်သတ်ရင် အခုလိုပဲပေါက်ကွဲတတ်တယ် အချစ်ကြီးလွန်းလို့တော့မဟုတ် စိတ်နာလွန်းနေသည့်ပုံ ပထမဆုံးအချစ်ဦးက သစ္စာဖောက်တာကြောင့် ရှောင်ကျန့်ဆိုတဲ့ သူ့တူက အချစ်ကိုမယုံကြည်တော့တာများလား တူတော်မောင်ရဲ့စိတ်က နားလည်ရခက်လွန်းသည်

Promise Where stories live. Discover now