"လာပါ ခင်ဗျားလာခဲ့"

ဓားပြပြီးခေါ်နေတဲ့ဦးယက္ခဆီ ဓားတစ်လက်မှမပါ၊တုတ်တစ်ချောင်းမှမယူဘဲ ထွက်လာခဲ့တဲ့ဦးမိုးမြင့် လူလုံးကြီးဘဲအိမ်ထဲကထွက်လာခဲ့တော့သည်။ဦးယက္ခဒေါသကိုလည်း ကြားဖူးနားဝရှိပေမဲ့ဦးမိုးမြင့်ကိုယ်တိုင်တော့မကြုံဖူး၊ကိုယ်တိုင်ကြုံတော့လည်း တုတ်တွေဓားတွေနဲ့အကူအညီယူပြီးပြန်ပြီးဖြေရှင်းရအောင် ဦးမိုးမြင့်ကထိုလူစားမျိုးမဟုတ်။စကားနဲ့ဘဲပြေလည်အောင်ဖြေရှင်းတက်တဲ့လူစားမျိုးဘဲဖြစ်၏။

ဦးမိုးမြင့်တစ်ယောက်ထဲမျက်ခွက်ပျက်မျက်နှာပျက်နဲ့ရင်ဆိုင်ဖို့ထွက်သွားတော့လည်း ဒေါ်အေးသွယ်အပါအဝင်မေမိုးတို့လည်းမနေသာပါ။ဘယ်လောက်ဘဲစကားတွေမပြောဖြစ်ကြမပြောဖြစ်ကြ တစ်မိုးအောက်မှာခပ်စိမ်းစိမ်းတွေဖြစ်နေကြပေမဲ့ မိသားစုဆိုတဲ့သွေးကစကားပြော၏၊သူမတို့နဲ့ကိုသိန်းတန်တို့လည်း ဦးမိုးမြင့်အနောက်ကသာမခေါ်ဘဲလိုက်သွားခဲ့လေသည်။

မထင်မှတ်ထားဘဲ မိသားစုကပါသူ့အနားရောက်လာတော့ဦးမိုးမြင့် ဦးယက္ခကိုရင်ဆိုင်ဖို့အရေးအနည်းငယ်တော့အားတက်သွားမိတာသေချာသည်။လင်းခေးတို့ထွက်သွားကထဲက ပထမဆုံးအကြိမ်မိသားစုကသူ့ဘက်ရှိနေခြင်းမဟုတ်လား။

နှစ်မိသားစုကြားခြံစည်းရိုးဘဲခြားတဲ့အနေအထားမှာ ခြံတံခါးကိုလည်းဖွင့်လို့မဖြစ်ချေ၊ဦးယက္ခတင်မဟုတ်ဘဲ သူ့တပည့်တွေမှာပါတုတ်တွေဓားတွေပါနေတော့....

"ကိုယက္ခ ကျုပ်တို့စကားကိုစကားနဲ့ဘဲဖြေရှင်းရအောင်"

"ခင်ဗျားကတော့ပြောထွက်နိုင်တာပေါ့အရှက်ကွဲရတဲ့သူမှမဟုတ်တာ"

"ကျွန်တော့်သားတွေလုပ်ရပ်အတွက် ကျွန်တော်တောင်းပန်ပါတယ်ကိုယက္ခ၊ခင်ဗျားကြိုက်တာတောင်းဆိုပါ ကျုပ်တို့လိုက်လျောပေးပါ့မယ်"

"ခင်ဗျားသားတွေကိုကျုပ်သတ်ချင်တယ်"

ဦးယက္ခရဲ့ရင့်သီးလှတဲ့တောင်းဆိုမှုက ဦးမိုးမြင့်တို့တစ်မိသားစုလုံးနဲ့နှင်းသဒ္ဒါရင်ကိုလှုပ်ခတ်သွားစေခဲ့သည်။အန္တရယ်များမှန်းသိပေမဲ့ ဤတောင်းဆိူမှုကိုတော့ဘယ်မိဘတွေကလက်ခံနိုင်မှာတဲ့လဲ။သူ့အင်္ကျီအားဆုပ်ကိုင်ပြီး စိုးရိမ်သည့်သဖွယ်ကြည့်လာတဲ့ဒေါ်အေးသွယ်ကိုလည်း ဦးမိုးမြင့်စိတ်မပျက်စေရကာ တင်းမာစွာဘဲခေါင်းခါမိသွား၏။

တပင်တိုင်Where stories live. Discover now