အခန်းထဲရောက်တဲ့အခါ အမှန်အတိုင်းပြောရရင် အရိပ် ခွန်းကို ကြောက်နေသည်။ ခုနကလို အော်ပြောလိုက်တာ အရိပ် ကိုယ်ပါ တုန်ယင်သွားသည်။ အရေးထဲ ကျောင်းဝတ်စုံကမရှိပြန်ဘူး , ယူကို မယူလာတော့တာ ဘယ်သိမှာလဲ ကျောင်းထုတ်လိုက်ပီးလို့ ဆရာမကိုယ်တိုင်က သူ့ကို ပြောလိုက်တာလေ အခု ဦးက ကျောင်းသွားခိုင်းအုံးမယ် ။

"ဘယ်လိုလုပ်ရမှာလဲ အယ်.... "
မနေ့က ဖာဆယ်ဗူးတွေကို သတိရသွားတော့, အရိပ်လဲ သွားကြည့်လိုက်တဲ့အခါ, ကျောင်းဝတ်စုံသက်သက်က ဗူးအပြည့် ရှိနေသည်။

"အယ် ,ဦး ဝယ်ပေးထား ပီးသားလား"
အရိပ်လဲ သူအတွက်ဆိုတဲ့အခန်းမှာပဲ ရေချိုးသန့်စင်ပီးသွားတဲ့အခါ,ကျောင်းဝတ်စုံ အဖြူရောင် လက်ရှည် တစ်ထည်နဲ့ အစိမ်းရောင် လုံချည်တစ်ထည်ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် မှန်တင်ခုံပေါ်တွင်တင်ထားတော့ မျက်နှာပေါ်မှာလိမ်းရတဲ့ အရည်တစ်မျိုးမျိုးကို လက်မှာ နည်းနည်းထည့်ပီး မျက်နှာမှာပွတ်လိမ်းလိုက်သည်။
* ဟဲဟဲ အနံ့လေးကြိုက်တယ် မွှေးမွှေးလေး*

ဆံပင်ကိုတော့ နည်းနည်းပါးပါး ဖီးလိုက်သည်။ အပေါ်ကိုသပ်တင်လိုက်တာမဟုတ်ပဲ နှာဖူးမှာပဲ ဝဲကျနေပြီး ဆံပင်အုံက အထူကြီးမဟုတ်ပါပဲနဲ့ ပါးပါးလေးနဲ့ အညိုရောင်သန်းနေသည်။
ချစ်စရာရုပ်ကလေးက မှန်ပေါ်မှာထင်နေပါရောလေ။
" အား! စာအုပ်နဲ့ လွယ်အိတ်ရော, မရှိဘူးလေ  ဦးကစိတ်ဆိုးဆိုးနဲ့ ထပ်ဆိုးနေတော့မှာပဲ"
ထို့နောက် အရိပ် လှေကားပေါ်ကနေ တစ် ထစ်ချင်းဆီဆင်းလျှောက်လာခဲ့သည်။ ဧည့်ခန်းက ခုံတွင် ခြေချိတ်ထိုင်နေတဲ့ လူကိုတွေ့တော့ အရိပ် ကြက်သီးတွေပါ ထရတဲ့အဖြစ်။
*ဟင် ဦး ဘယ်တုန်းက အဝတ်အစားလဲလိုက်တာ*

ခွန်းက နက်ပြာရောင် ရှပ်အင်္ကျီ ကိုအမဲနဲ့ နက်ပြာရောထားတဲ့နက်ခ်တိုင် နဲ့ တွဲဝတ်ထားခဲ့ပြီးအောက်က စတိုင်ပန် အမဲ ကိုလဲ လိုက်ဖက်ညီစွာ တွဲဝတ်ထားသည်။ ဖြူနေတဲ့ အသားအရည်နဲ့ ဝတ်ထားတဲ့အရောင်တွေက တကယ့်ကို လိုက်ဖက်လွန်းနေသည်။ လူကြီးလူကောင်းဆိုတဲ့ ဂုဏ်အရှိန်အဝါ အပြည့်နဲ့ ပါပဲ ဦးခွန်းကတော့။ ပီးတော့ မျက်နှာတည်တည်တံ့တံ့နဲ့က ကြောက်ဖို့လဲ ကောင်းတယ်ရော!,

ကို့အရိပ်.....Where stories live. Discover now