Part.3 [Unicode]

902 61 11
                                        

ကို့အရိပ်......

ခွန်းကောင်းကင်ယံ အိမ်ထဲကို ဝင်လာခဲ့သည်။ သို့ပေမဲ့ မနေ့ကသူတွေ့ခဲ့တဲ့ ကောင်လေးရဲ့ ဘာအရိပ်အယောင် မှသူ မမြင်ရသေးပါ။ မဟုတ်မှ ဒဏ်ရာကြောင့် အိပ်နေတုန်းလား။ အဖျားများတက်နေသလား ။ ခွန်း စိတ်တွေပူနေမိသည်။ခွန် ဘေးပတ်ဝန်းကျင်တွေကို ဝေ့ဝိုက်ကြည့်နေစဥ်,
" ကိုယံ "
ဆိုပီး ဝိုင်းကဗျာက အိမ်ကနေ ပြေးထွက်လာသည်။

" ဝိုင်း ဆီလာတာလားဟင် "

" အမ် အင်း ကျွန်တော်ကုမ္ပဏီ မသွားခင် ခနဝင်လာခဲ့တာ"
ခွန်းက ပြောသာပြောနေတာ မျက်လုံးကတော့အိမ်ဖော်တွေနေတဲ့ အိမ်ငယ်လေးဆီမှာ,

ဝိုင်းကဗျာတစ်ယောက်တော့ ပျော်သွားသည်။ မနေ့ကမှ သူတို့၂ယောက်က တစ်ယောက်ကိုတစ်ယောက်တရားဝင်မိတ်ဆက် ခွင့်ရကြပီး ခင်မင်ကြတယ်လေ ။ ဒီနေ့ ကျတော့ အသိမပေးဘာမပေး ပဲနဲ့ သူ့ဆီ လာတယ်။ သူ့ရဲ့ သတို့သမီးလောင်းလေး ကို လာအကဲခတ်တာ ဖြစ်မှာပါလေ ။
" ကိုယံ အိမ်ထဲ ဝင်ကြမယ်လေ လာ "ဆိုပီး ခွန်းရဲ့ လက်မောင်းကို လာချိတ် လာတော့, ခွန်းလဲ သူမနဲ့အတူ ဝင်သွားရသည်။
" အရင်ထိုင်ပါအုံးရှင်  ..ဒေါ် မြရေ ဧည့်သည် အတွက် လက်ဖက်ရည်လေး တစ်ခွက်လောက် ဖျော်ခဲ့ပေးပါအုံး"

"ဟုတ် မမလေး"

" ဟို ကိုယံ ဝိုင်းဆီလာတာ ဘာကိစ္စလဲဟင်"

ခွန်း ဆီကနေ ​အဖြေ ကို လိုချင်နေတဲ့ ဝိုင်းကတော့ ခွန်းကို ပြုံးပီးကြည့်နေသည်။ ခွန်းကလဲ  အရိပ် ကို လာတွေ့တာပါ လို့  ဒဲ့ပြောမရပါ။
ထိုစဥ် အိမ်ပေါ် ထပ်ကနေ ဦးမျိုးသူက ဆင်းလာတော့ ,
"အန်ကယ်မျိုးသူ ဆီ လာတာပါ ။ အန်ကယ် နဲ့ အလုပ်အကြောင်း ဆွေးနွေးစရာ ရှိလို့ပါ"

" အော် အဲ့လိုလား  ဝိုင်း ကို လာတွေ့တယ် ထင်နေတာ"
ဆိုပီး မျက်နှာ ငြိုးငယ်သွားသလို ပုံစံမျိုးဖြစ်သွားသည်။

" ဟော မောင်ခွန်းကောင်းကင် , အစောကြီးပါလား သမီးကို လာတွေ့တာလား"

" အန်ကယ့်ကို လာတွေ့တာပါ အန်ကယ်"

" ဟုတ်လား  "

"အင်း "

ဦးမျိုးသူ လဲ ဝင်ထိုင်မည်လုပ်တော့ ,
"ဟို အန်ကယ် ကျွန်တော်တို့ အပြင်က ခုံမှာ ထိုင်ရအောင် အေးဆေး စကားပြောလို့ရတာပေါ့

ကို့အရိပ်.....Where stories live. Discover now